xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အသစ်ထွက်IE9ကို တစ်စက္ကန့်လျင် ၂၇ကြိမ် ဒေါင်းလုဒ်ချ ယူကြောင်း မိုက်ခရိုဆော့ ပြောကြား

Friday, March 18, 2011

အသစ်ထွက်IE9ကို တစ်စက္ကန့်လျင် ၂၇ကြိမ် ဒေါင်းလုဒ်ချ ယူကြောင်း မိုက်ခရိုဆော့ ပြောကြား


မိုက်ခရိုဆော့ ကုမ္ပဏီ၏ နာမည်ကျော် အင်တာနက်ကြည့် ဆော့ဝဲလ် Internet Explorer ၏ နောက်ဆုံးထွက် ဗားရှင်း IE9 အား ကမ္ဘာတစ်ဝှမ်းမှ တစ်စက္ကန့်လျင် ၂၇ကြိမ် ဒေါင်းလုဒ်ချ ရယူကြရာ စုစုပေါင်း ဒေါင်းလုဒ်အရေအတွက် ၂သန်းကျော်ပြီ ဖြစ်ကြောင်း မတ်လ ၁၅ရက်နေ့တွင် IE ဘလော့ခ် ပို့စ်တစ်ခုတွင် ဖော်ပြခဲ့သည်။
ဝင်းဒိုး စနစ်သုံး ကွန်ပျူတာများအတွက် အကောင်းဆုံး အင်တာနက်ကြည့် ဘရောက်ဇာ ဆော့ဝဲဟု မိုက်ခရိုဆော့မှ ကြွေးကြော်ထားသော အသစ်ထွက်  IE9 သည် ၎င်း၏ အပြီးသတ် ဗားရှင်းကို မတ်လ ၁၄ရက် တနင်္လာနေ့ ညနေပိုင်းက ထွက်ရှိခဲ့ခြင်း ဖြစ်သည်။
SunSpider ၏ စမ်းသပ်ချက်အရ IE9 သည် ဘရောက်ဇာ လောကတွင် အမြန်ဆုံး ဘုရင်များ ဖြစ်သော Chrome နှင့် Opera တို့အား ကျော်ဖြတ်နိုင်ကြောင်း သိရသည်။ ထို့ပြင်  Chrome ဘရောက်ဇာ၏ အားသာချက်များဖြစ်သော အမြန်နှုန်းနှင့် ရှင်းလင်းသော user interface တို့ ပါဝင်လာသလို HTML5 အား အထောက်အပံ့ပေးခြင်း၊ Windows 7 နှင့် တွဲဆက်အလုပ်လုပ်နိုင်ခြင်း နှင့် double-duty address bar အစရှိသော လုပ်ဆောင်ချက် အသစ်များလည်း ပါဝင်လာသည်။




http://patheincity.com/news//HLIC/9c7ee9718bd62fb4e6ab27876d8e71a1.jpg
IE9 ၏ ကျော့ရှင်း လှပသော user interface အသစ်

သို့သော် ယခုထွက်ရှိသည့် Internet Explorer နောက်ဆုံး ဗားရှင်းသည် Windows7 နှင့် Vista တို့တွင်သာ အသုံးပြုနိုင်ခြင်းသည် ဘရောက်ဇာ ဈေးကွက်ဝေစုကို ရယူရန် အကန့်အသတ်တစ်ခု ဖြစ်နေသည်။ သို့သော်လည်း IE9 ထွက်ရှိလာခြင်းသည် မိုက်ခရိုဆော့အတွက်  ၎င်း၏ ဈေးကွက်ဝေစုများ Firefox နှင့် Chromeတို့ထံသို့ တဖြည်းဖြည်း ရောက်ရှိကုန်ခြင်းကို ရပ်တန့်ရန် အကောင်းဆုံး အချက် ဖြစ်သည်။
ဘရောက်ဇာ ဈေးကွက် သုတေသန ကုမ္ပဏီ Net Application ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သော ဇန်နဝါရီတွင် Chrome သည် ကမ္ဘာ့ဘရောက်ဇာ ဈေးကွက်တွင် ၁၀ ရာခိုင်နှုန်း ရရှိလာပြီး Internet Explorer မှာ ၂၀၁၀ ဒီဇင်ဘာတွင် ၅၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၁ ဇန်နဝါရီတွင် ၅၆ ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့သည်။

NetApplication မှ ထုတ်ပြန်သော နှစ်အလိုက် ဘရောက်ဇာ အသုံးပြုမှု ပုံပြဇယား

Firefox သည်လည်း ဈေးကွက်ဝေစု ၂၂ရာခိုင်နှုန်း အောက်တွင် ရပ်တန့်လျက်ရှိပြီး လာမည့် မတ်လ ၂၂ ရက်နေ့တွင် နောက်ဆုံး ဗားရှင်းအဖြစ် ထွက်ရှိမည့် Firefox 4.0 တွင် ပိုမို ပေါ့ပါး မြန်ဆန်လာခြင်းဖြင့် အဆင့်မြှင့်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။


မြို့တော်ပုသိမ် သတင်းစဉ်