xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဒေါ်စုကြည် ဧရာဝတီနဲ့ DVB တို့ စားခွက်လု ကြလေပြီ

Friday, March 25, 2011

ဒေါ်စုကြည် ဧရာဝတီနဲ့ DVB တို့ စားခွက်လု ကြလေပြီ

NLD Irrawaddy DVB 
မြန်မာနိုင်ငံ၏မီးစများ

ပြီးခဲ့သည့်နှစ် ဒေါ်စုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ချိန်မှ စပြီး ယင်းတို့၏ ရန်ပုံငွေ သုံးပုံ တစ်ပုံခန့် ဖြတ်တောက် ခံခဲ့ရကြောင်း ထိုင်းအခြေစိုက် Irrawaddy Media Group နဲ့ နော်ဝေအခြေစိုက် Democratic Voice of Burma (DVB) က ပြောကြားခဲ့ပါတယ်။ အဲဒီလို ရန်ပုံငွေ ဖြတ်တောက်မှုကြောင့် အဆိုပါ သတင်းဌာနတွေရဲ့ လုပ်ငန်း လည်ပတ်မှုတွေ ထိခိုက် နစ်နာခဲ့ရတယ်လို့လည်း ဆိုကြပါတယ်။

နိုင်ငံတကာ အလှူရှင်များက ၎င်းတို့အတွက် ရန်ပုံငွေတွေ လျှော့ချခြင်းနဲ့ ပတ်သက်ပြီး ဒေါ်စုကြည်နဲ့ NLD တို့ဟာ အဓိက တရားခံတွေ ဖြစ်ကြောင်း ထိုင်းနေ့စဉ်ထုတ် သတင်းစာ Matichon နဲ့ တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှ ဧရာဝတီ မီဒီယာ အုပ်စုရဲ့ အယ်ဒီတာချုပ် အောင်ဇော်က ပြောဆိုခဲ့ပါတယ်။ ပြည်ပြေး မီဒီယာတွေကို ရန်ပုံငွေ ပေးမယ့်အစား NLD ရဲ့ လူမှု အဖွဲ့အစည်းတွေနဲ့ လူသားချင်း စာနာထောက်ထားတဲ့ အစီအစဉ်တွေအတွက် လှူဒါန်း ပေးကမ်းသင့်တယ်လို့ ဒေါ်စုကြည်ရဲ့ ဆွဲဆောင် တောင်းဆိုမှုတွေကြောင့် ဧရာဝတီ မီဒီယာအနေနဲ့ ၎င်းတို့ နှစ်စဉ် ရနေတဲ့ ရန်ပုံငွေတွေထဲက တစ်သန်းကျော် ဖြတ်တောက်ခံရပြီး DVB အနေနဲ့ ယူရိုငွေ ၅သိန်းခန့် ဖြတ်တောက်ခံရတယ်လို့ ဆိုကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ရာမှာ NLD ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အောင်ဇော်ရဲ့ စွပ်စွဲချက်တွေကို ချေပ ပြောဆိုခဲ့ပါတယ်။ မကြာသောကာလတွင် NLD အနေဖြင့် ကိုယ်ပိုင် မီဒီယာကို အကောင်အထည် ဖော်ရန် စီစဉ်နေကြောင်း၊ သို့မှသာ ယင်းတို့အနေနဲ့ ပြောလိုတဲ့ ကိစ္စတွေကို ပြောကြားပေးရန် ပြည်ပြေး မီဒီယာတွေကို မှီခိုနေရမှု ကင်းဝေးလိမ့်မည် ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုခဲ့ပါတယ်။


ယင်းပြောဆိုချက်တွေဟာ ဒေါ်စုကြည်နဲ့ နော်ဝေ သံအမတ်ကြီး HE Katja Christina Norgaard နဲ့ တယ်လီဖုန်း ပြောဆိုမှုမှာ ပါဝင်တဲ့ အချက်တွေ ဖြစ်တယ်လို့ NLD က ဦးဥာဏ်ဝင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ DVB ကဲ့သို့ ပြည်ပြေး မီဒီယာတွေကို ပေးအပ်နေတဲ့ ပစ္စည်းတွေနဲ့ ရန်ပုံငွေတွေကို မြန်မာနိုင်ငံအတွင်း NLD ကဆောင်ရွက်နေတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အစီအစဉ်တွေမှာ အသုံးပြုပါက ပိုမိုကောင်းမွန်လိမ့်မယ်လို့ ဒေါ်စုကြည်က နော်ဝေသံအမတ်ကြီး HE Katja Christina Norgaardကို စည်းရုံး ဆွဲဆောင် ပြောဆိုခဲ့ပါတယ်။ ပြည်ပြေး မီဒီယာတွေက အယ်ဒီတာချုပ်တွေရဲ့ ငွေကြေး အလွဲသုံးစား လုပ်မှုတွေကို လွန်စွာမှ စိတ်ပျက်မိတယ်လို့ ဒေါ်စုကြည်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ငွေကြေး အလွဲသုံးစား လုပ်တယ်ဆိုတဲ့ အချက်မှာ ပြည်တွင်း ပြည်ပ နှစ်ရပ်လုံးမှာ သိသာ ထင်ရှားကြောင်း၊ ဧရာဝတီနဲ့ ဒီဗွီဘီကဲ့သို့သော မီဒီယာအဖွဲ့တွေမှာ လှူဒါန်းရရှိတဲ့ ငွေရဲ့ ငါးပုံ တစ်ပုံကိုသာ ယင်းတို့ရဲ့ လုပ်ငန်း ရည်မှန်းချက်တွေအတွက် အသုံးပြုနေပြီး ကျန်ငွေတွေကို အယ်ဒီတာချုပ်တွေက ကိုယ်ကျိုးအတွက် သုံးစွဲနေကြောင်း ဒေါ်စုကြည်က အတည်ပြု ပြောဆိုခဲ့ပါတယ်။ အဲဒီလို ပြည်ပြေး မီဒီယာအဖွဲ့တွေရဲ့ ရန်ပုံငွေ အလွဲသုံးစား လုပ်မှုတွေကြောင့် ဧရာဝတီ မီဒီယာ အုပ်စုကို ရန်ပုံငွေ ဖြတ်တောက်ရန် ဒိန်းမတ် အစိုးရက မကြာသေးမီက ရန်ပုံငွေ ဖြတ်တောက်ခဲ့မှုကို ဒေါ်စုကြည်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ဒေါ်စုကြည်ရဲ့ သဘောထားနဲ့ အပြောအဆိုတွေကို ပြည်ပက ပြည်ပြေးတွေ အနေနဲ့ ကျိတ်မနိုင် ခဲမရ ဖြစ်ကြမှာ အမှန်ပါပဲ။ ဘာလို့လည်း ဆိုတော့ ဒေါ်စုကြည် လုပ်သမျှ အကောင်းချည်းပဲလို့ သူတို့အနေနဲ့ ၀ါဒဖြန့်ပြီး ဒေါ်စုကြည်နဲ့ NLD ကို အပြည့်အ၀ ထောက်ခံခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ နောက်တစ်ဖက်က ကြည့်ပြန်ရင်လည်း ဒေါ်စုကြည်နဲ့ NLD ကို တည်ကြက်လုပ်ပြီး တစ်နည်းအားဖြင့် သတင်းသားကောင်အဖြစ် အသုံးချပြီး စီးပွားရှာနေတဲ့ အောင်ဇော်တို့လို လူစားတွေရဲ့ လုပ်ကွက်ကို ဖော်ထုတ်ပြီး ခေတ်သစ် ရန်ပုံငွေ စုဆောင်း တတ်တဲ့ ဒေါ်စုကြည်ရဲ့ ရန်ပုံငွေရှာ နည်းသစ်ကို လေ့လာ တွေ့ရှိကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒေါ်စုကြည်နဲ့ ပြည်ပြေးတွေ စာခွက်လုနေကြတာတော့ သေချာပါကြောင်း တင်ပြလိုက်ရပါတယ်။ ကိုပြည်ချစ်