xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာနိုင်ငံမြေငလျင် နောက်ဆက်တွဲသတင်း (၃)

Friday, March 25, 2011

မြန်မာနိုင်ငံမြေငလျင် နောက်ဆက်တွဲသတင်း (၃)


နိုင်ငံပိုင်မီဒီယာများ၏ ယနေ့မွန်းလွဲ တွင် ကြေညာချက်အရ ရှမ်းပြည်အရှေ့ပိုင်း ငလျင်ကြောင့် သေဆုံးသူ ၇၄ဦးရှိကာ  ၁၁၁ ဦး ဒဏ်ရာရရှိပြီး  နေအိမ်အလုံး ၃၉၀၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနှင့် ဌာနဆိုင်ရာ အဆောက်အဦ ၉ လုံးတို့ ပျက်စီးကြောင်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့များ ငလျင်ဒဏ်ခံဒေသ တွင် ကယ်ဆယ်ရေးလုပ်ငန်းများ စတင်နေပြီး နောက်ထပ် ကယ်ဆယ်ရေးအဖွဲ့များလည်း ထပ်မံသွားရောက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
သေဆုံး ဒဏ်ရာရ ရှိသူများတွင် တာချီလိတ် ၊ ကျိုင်းတုံ ၊ တာလေ မြို့ များမှ အများဆုံး ပါဝင်ကြောင်း တံတားအချို့လဲ ပျက်စီးမှုရှိကြောင်း သတင်းရရှိ ပါတယ် ။ တာလေမြို့ခံတစ်ဦးကမူ " မြို့ဝင်တံတားကတော့ ၅ ပေလောက် ပြတ်ထွက်သွားတယ် စိန်ပန်းနီဆိုင် ရှေ့က တိုက်တွေဆိုလဲမရှိတော့ဘူး .ပြိုကျကုန်ပြီ ကယ်ဆယ်ရေးတွေလဲရောက်နေကြပြီ..သူတို့လဲတတ်နိုင်သရွေ့တော့ စလုပ်နေကြပြီ" ဟု ပြောကြားသွားခဲ့ပါသည် ။
 
တာချီလိတ်မြို့မှ ဒေသအာဏာပိုင်တစ်ဦးကမူ " နောက်ထပ်ရရှိတဲ့သတင်းတွေအရ ဒီငလျင်မှာ  သေဆုံးသူ ၁၀၀ ကျော်သွားပြီ ဒဏ်ရာ ရရှိတဲ့သူအရေ အတွက်လဲ တိုးလာနေတယ် ..နောက်..ပျောက်ဆုံးနေတဲ့ သူတွေလဲ ရှိသေးတယ်ဆိုတော့ အတည်ပြုလို့တော့မရသေးဘူး ..တာချီလိတ်တစ်ခုတည်းကို ပြောတာမဟုတ်ဘူးနော် အားလုံးကိုပြောတာ ..ဒီအရေအတွက်က  " ဟုပြောကြားခဲ့ပါသည်။

 
ငလျင်အခြေအနေများကို MRTV 4 ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့် ပေးလျက်ရှိပြီး ထိုသို့ နိုင်ငံတွင်းဖြစ်ပျက်သည့် သဘာဝ ဘေးအန္တရာယ်များကို အရင်က နိုင်ငံပိုင် ရုပ်သံများမှ  ယခုကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်ပေးမှု မျိုးမရှိပဲ ယခုအကြိမ်သည် ပထမဦးဆုံးဖြစ်ကြောင်း ဤသို့ ထုတ်လွှင့်မှု အပေါ် ပြည်သူတစ်ဦးက " ဒီလိုလုပ်ရမှာ..အစောကြီးထဲက ..အရင်ကဆို သူများပြောမှသိရတယ် ပြည်ပ မီဒီယာတွေကလဲ ပိုပြောတယ်  သေတဲ့သူ အိုးမဲ့အိမ်မဲ့ ဖြစ်တဲ့သူအရေအတွက်ကို ရာပေါင်းများစွာတို့ ထောင်နဲ့ချီတဲ့ ဆိုတဲ့ အရေအတွက်မပါတဲ့ သတင်းတွေ ဒါကိုအစိုးရကမကူဘူး ဘာမှမလုပ်ပေးဘူးပေါ့ ဒါမျိုးတွေပဲကြားရတယ် ၊ အမှန်တိုင်းပြောရရင် မြန်မာ့အသံ ကကြေငြာတာကလဲ လိုတယ် ..ခုတိုက်ရိုက်ပြနေတယ်ဆိုတော့ ပြီးရောပေါ့ ပြည်သူက သတင်းအမှန်ကို သိချင်တာပါ "ဟု ၄င်း၏ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါသည်။