xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အမေရိကန်မောင်းသူမဲ့ လေယာဉ် မှ ဒုံးလက်နက်နှင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပါကစ္စတန် ပြည်သူ ၃၄ ဦးသေဆုံး

Saturday, March 19, 2011

အမေရိကန်မောင်းသူမဲ့ လေယာဉ် မှ ဒုံးလက်နက်နှင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပါကစ္စတန် ပြည်သူ ၃၄ ဦးသေဆုံး


 အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စု နိုင်ငံတွေက လစ်ဗျားမှာ ပြည်သူတွေကိုကာကွယ်ဘို့ အကြောင်းပြချက်နဲ့ လစ်ဗျားကိုစစ်ရေးအရ ၀င်ရောက်တိုက်ခိုက် ဘို့ ပြင်ဆင်နေကြပါတယ် ။ အဲဒီလိုဝင်ရောက်တိုက်ခိုက်ဘို့ လုံခြုံရေး ကောင်စီမှာ မတ်လ ၁၈ ရက်နေ့ မနက်ပိုင်းလောက်က ဆုံးဖြတ်ခဲ့ ကြတာလဲဖြစ်ပါတယ် ။
ဒါနဲ့ တစ်ချိန်တည်းလောက်မှာပဲ အမေရိကန် မောင်းသူမဲ့လေယာဉ် တစ်စီးကနေ ဒုံးလက်နက် တွေနဲ့ ပစ်ခတ်ခဲ့ တဲ့အတွက် အာဖဂန်နယ်စပ်မှာနေထိုင်ကြတဲ့ အပြစ်မဲ့ ပြည်သူ ၃၄ ဦးထက်မနည်းသေဆုံးခဲ့ပါတယ် ။ ဒီကိစ္စ နဲ့ ပတ်သက်ပြီးပါကစ္စတန် အစိုးရက လည်းအမေရိကန် အစိုးရကိုပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ် ။ပါကစ္စတန် နိုင်ငံသားတွေကလဲ ပါကစ္စတန် နိုင်ငံထဲကနေ အမေရိကန်တပ်တွေ အမြန်ဆုံး ထွက်သွား ဘို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ် ။



ဒီကိစ္စမျိုးကြတော့ ကမ္ဘာကျော်သတင်း ဌာနတွေ နှာစေးနေကြပါတယ် ။ဘယ်သူမှလဲ စိုးရိမ်ပူပန်ကြတာမတွေ့ရပါဘူး  လစ်ဗျားမှာကဒါဖီက သတ်တာမှ လူတွေလား ...ပါကစ္စတန်မှာအမေရိကန် ကြောင့်ဘာမဆိုင်ညာမဆိုင် သေခဲ့ ကြတာတွေကရော..လူတွေမဟုတ်တော့ဘူး လားလို့ မေးစရာတွေဖြစ်လာပါတယ်။
အမေရိကန်လုပ်ရင်အကုန်မှန်တယ် ၊ ဒီမိုကရေစီဆန်တယ် ၊ ကုလသမဂ္ဂ ဆိုတာလဲ အင်မတန် ဘက်လိုက်မှုကင်းတဲ့ အဖွဲ့ ကြီးလို့ထင်ပြီး အားကိုးနေကြသူများအတွက် သာဓက သတင်းတစ်ပုဒ်ဖြစ်ပါကြောင်း ။
ဝရဇိန်