xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ထူးဖောင်းဒေရှင်းက စီစဉ်သော ပူတာအိုမြို့၌ ပြုလုပ်သည့် I.Cအဖွဲ့၏ အခမဲ့ဖျော်ဖြေပွဲ

Wednesday, March 9, 2011

ထူးဖောင်းဒေရှင်းက စီစဉ်သော ပူတာအိုမြို့၌ ပြုလုပ်သည့် I.Cအဖွဲ့၏ အခမဲ့ဖျော်ဖြေပွဲ

ထူးဖောင်းဒေရှင်းက စီစဉ်သော ပူတာအိုမြို့၌ ပြုလုပ်သည့်I.Cအဖွဲ့၏ အခမဲ့ဖျော်ဖြေပွဲ ကို ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၂ဝ ရက်နေ့တို့တွင် ၂ နေရာခွဲ ကျင်းပခဲ့သည်။
၁၈ ရက်နေ့က ကောင်းမှုလုံဘုရား၌ ပြုလုပ်သော ပထမဖျော်ဖြေပွဲတွင် ပူတာအိုမြို့နှင့် မချမ်းဘော့မြို့များမှ ပရိသတ်များအပြင် အနီးအနားရှိ ကျေးရွာများမှ ပရိသတ်အများ အပြား လာရောက်အားပေးခဲ့ပြီး လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ လင်းလင်း၊ ဆုန်သင်းပါရ်နှင့် ခင်ဘုဏ်းတို့က ပရိသတ် အကြိုက်သီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။ ၂ဝ ရက်နေ့တွင် ပူတာအိုမြို့၊ မြို့နယ်အားကစားကွင်းတွင် ပြုလုပ်သော ဒုတိယပွဲတွင် အထက်ပါ အဆိုတော်များအပြင် Lလွန်းဝါနှင့် Nကိုင်ရာတို့ပါ လာရောက်ဖျော်ဖြေ ခဲ့ကြပြီး ပူတာအိုခရိုင်အတွင်းရှိ ကျေးရွာများမှ ပရိသတ်များပါ အားကစားကွင်း အပြည့် လာရောက်အားပေးခဲ့ကြ သည်။
”ဒီမှာက ကျွန်တော်တို့ တစ်သက်တာ ဒီလိုစတေ့ခ်ျရှိုးပွဲကြီးမျိုး တစ်ခါမှ မကြည့်ဖူးဘူး။ အရင်ကလည်း ရှိခဲ့တယ်လို့ မကြားဖူးဘူး။ IC အဖွဲ့ရဲ့ စတေ့ခ်ျ ရှိုးကြည့်ချင်တာ လွန်ခဲ့တဲ့နှစ် ၂ဝ ကတည်းကပါ။ အဲဒါကြောင့် ကောင်းမှုလုံပွဲရော၊ ပူတာအိုပွဲရော နှစ်ပွဲစလုံး အားပေးခဲ့တယ်” ဟု ပူတာအို မြို့ခံတစ်ဦးက ပြောသည်။
အခမဲ့ ဖျော်ဖြေပွဲဖြစ်မြောက်ရေးအတွက် တာဝန်ယူစီစဉ်ခဲ့သည့် ထူးဖောင်ဒေးရှင်းသည် ကားလမ်းပေါက်သော ကျေးရွာများမှ ပရိသတ်များ ရှိုးပွဲလာ ရောက်ကြည့်ရှု နိုင်ရန် ကား ၅ စီးဖြင့် ကြို/ပို့ လုပ်ပေးခဲ့ကြောင်း သိရသည်။
ယင်းဖျော်ဖြေပွဲနှင့် ပတ်သက်၍ အဆိုတော် လေးဖြူကလည်း ”ပရိသတ်က ထင်တောင် ထင်မထားဘူး။ သိပ်ဝေးလို့ ကျွန်တော်တို့ သီချင်းတွေရမှ ရပါ့မလားလို့ ထင်တာ။
သီချင်းတိုင်းအကုန် လိုက် ဆိုနိုင်တယ်။ အောင်မြင်တဲ့ပွဲ ဖြစ် ခဲ့တယ်။ ပရိသတ်ကလည်း အလွန်ယဉ်ကျေးပါတယ်” ဟု ¤င်း၏ အမြင်ကို ပြောကြားခဲ့သည်။
မိုးမြင့်မြတ်
ပေါ်ပြူလာ