xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာ ဘောလုံးလောက တိုးတက်မှု များအား ဖီဖာ ဥက္ကဋ္ဌ ချီးကျူးပြောကြား

Friday, March 18, 2011

မြန်မာ ဘောလုံးလောက တိုးတက်မှု များအား ဖီဖာ ဥက္ကဋ္ဌ ချီးကျူးပြောကြား

မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက် လည်ပတ်ခဲ့သည့် ဖီဖာ ဥက္ကဋ္ဌဖြစ်သူ ဆပ်ဘလတ္တာက မြန်မာ ဘောလုံးလောက တိုးတက် လာမှုများ အပေါ် ချီးကျူး ပြောကြားခဲ့ကြောင်း သိရသည်။

ဘလတ္တာက "မြန်မာတွေဟာ မကြာခင်မှာ ဘောလုံးမှာ အောင်မြင်တဲ့ နိုင်ငံ ဖြစ်လာပါ လိမ့်မယ်။ အာဆီယံ ကနေ အာရှ အဆင့်အထိ ထိုးဖောက် နိုင်ပါလိမ့်မယ်" ဟု ဆိုကာ မြန်မာဘောလုံး ရွှေခေတ်က ကဲ့သို့ အောင်မြင်မှုများ ပြန်လည် ရရှိလာမည် ဖြစ်ကြောင်း မန္တလေး ဘောလုံး အကယ်ဒမီ ဖွင့်ပွဲ အပြီးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရခြင်း အပေါ် "ကျွန်တော် မြန်မာပြည်ကို ပထမဆုံး ရောက်ဖူးတာပါ။ မြင်ရ တွေ့ရသမျှတော့ တကယ့်ကို ကောင်းလှပါတယ်။ ဒီနိုင်ငံမှာ ရှိတဲ့ လူတွေဟာ အရမ်းလည်း သဘောကောင်း ကြပါတယ်" ဟု ချီးကျူးခဲ့သည်။

ဘလတ္တာနှင့် အဖွဲ့သည် မန္တလေးနှင့် ရန်ကုန်မြို့ များသို့ သွားရောက် လည်ပတ်ခဲ့ပြီး နိုင်ငံတော် အစိုးရ၏ ဘောလုံးကွင်း သစ်များ တည်ဆောက်ပေး ခြင်းနှင့် ပတ်သက်၍ ချီးကျူး ပြောကြားခဲ့ကာ နိုင်ငံတော် ၀န်ကြီးချုပ်အား တွေ့ဆုံမည့် အကြောင်းကိုလည်း ရှင်းလင်း ပြောကြားခဲ့သည်။ "ဘောလုံးဟာ နိုင်ငံရေး၊ အစိုးရ အထောက် အပံ့တွေ မပါဘဲ တစ်သီးတစ်ခြား ရပ်တည်လို့ မရနိုင်ပါဘူး။ ကျွန်တော့် အနေနဲ့ နိုင်ငံတော် ၀န်ကြီးချုပ်နဲ့ တွေ့ဖို့ လိုအပ်ပါတယ်။ သူနဲ့ တွေ့ခွင့် ရတဲ့ အတွက်လည်း အရမ်းကို ၀မ်းသာ မိပါတယ်" ဟု ဘလတ္တာက ဖွင့်ဟခဲ့သည်။


မတ်လ ၁၆ရက်နေ့တွင် ဘလတ္တာနှင့် အဖွဲ့သည် ၂၀၁၃ ဆီးဂိမ်းအား လက်ခံ ကျင်းပမည့် နေပြည်တော်သို့ သွားရောက်ကာ နိုင်ငံတော် ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာဘောလုံး လောက တိုးတက်ရေး အတွက် ဘောလုံးကွင်းများ တည်ဆောက် ပေးခြင်းအပေါ် ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။
Credit : Soccer Myanmar