xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အင်းစိန် ဗုံးပေါက်ကွဲမှု တရားခံအား ရဲတပ်ဖွဲ့ ဖမ်းဆီးမိ

Tuesday, March 1, 2011

အင်းစိန် ဗုံးပေါက်ကွဲမှု တရားခံအား ရဲတပ်ဖွဲ့ ဖမ်းဆီးမိ

ဖေဖော်ဝါရီလ၂၇ ရက်နေ့ညက အင်းစိန်ကမ်းနားလမ်း၊ အောင်ဇေယျ အိမ်ယာဝင်း အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု တရားခံကို ဖမ်းမိပြီလို့ အစိုးရမီဒီယာများမှာ ဖော်ပြထားပါတယ် ။
အဲဒီ ဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရသူ ရှစ်ဦးရှိပြီး အဲဒီအထဲက ဇော်မင်းသန်း (၂၆) နှစ်ရဲ့ အောင်ဇေယျ အိမ်ယာမှာရှိတဲ့ အခန်း ကို ၀င်ရှာတဲ့အခါ ဒီတိုနေတာခြောက်ခု၊ အသင့်ဆင်ပြီးသား ဗုံးတစ်လုံးကို တွေ့ခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့ အတူဖော်ပြ သွားပါတယ်။
ဇော်မင်းသန်း ကတော့ ဘယ်ခြေထောက် ကျိုးကြေသွားပြီး ညာဘက်ခြေထောက်လည်း စုတ်ပြတ်သွားတယ်။ အခြေအနေ စိုးရိမ်ရတယ်လို့ ဖော်ပြထားပါတယ်။
အခု ဖမ်းမိထားတဲ့ ဇော်မင်းသန်း ကတော့ ဘယ်အဖွဲ့အစည်း ကလည်းဆိုတာ ဖော်ပြ မထားပါဘူး။ အခြားသတင်း များအရ တရားခံဟာ အခုထိ သတိမရ သေးဘူးလို့သိရပါတယ်။