xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကဒါဖီ၏တပ်များ ထိုးစစ်ဆင် ၊ သူပုန်များဆုတ်ခွာ

Wednesday, March 30, 2011

ကဒါဖီ၏တပ်များ ထိုးစစ်ဆင် ၊ သူပုန်များဆုတ်ခွာ

 
လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ရဲ့ တပ်တွေ ၀ိုင်းလာတဲ့အတွက်  ရေနံထုတ်လုပ်ရာ အဓိက မြို့တမြို့ဖြစ်တဲ့ ရပ်စ် လန်နုဖ် (Ras Lanuf) ကနေ ပြန်ဆုတ်ပေးခဲ့ရကြောင်း လစ်ဗျား အတိုက်အခံ တပ်ဖွဲ့တွေက ပြောဆိုလိုက်ကြပါတယ်။
အစိုးရလိုလားတဲ့ တပ်တွေက အမြောက်တွေ၊ ရော့ကက်တွေနဲ့ အကြီးအကျယ် ပစ်ခတ်မှုတွေနဲ့အတူ ဒီနေ့မှာလည်း နောက်ထပ် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း သိရှိရပါတယ်။
သူပုန်တပ်ဖွဲ့ အမြောက်အမြားဟာ ထရပ်ကားတွေနဲ့ အရှေ့ဘက်ဒေသကို ပြန်လှည့်ပြေးနေကြပြီး ၊အစိုးရဆန့်ကျင်သူ တပ်ဖွဲ့တွေရဲ့ အနောက်ဘက်ဒေသ ထိုးစစ်တွေအတွင်း အစိုးရ တပ်တွေက သံချပ်ကာကားတွေ၊ လက်နက်ကြီးတွေနဲ့ မနေ့တုန်းက တန်ပြန် တိုက်ခိုက်ခဲ့တဲ့အတွက် သူပုန်တပ်တွေ ရပ်စ် လန်နုဖ်မြို့က ထိတ်လန့်တကြား ပြန်ဆုတ်ခဲ့ကြရတာ ဖြစ်ကြောင်းလဲ သိရပါတယ်။


မနေ့ညနေပိုင်းမှာတော့ လက်နက်ကြီး ပစ်ခတ်သံတွေနဲ့အတူ လစ်ဗျားခေါင်းဆောင် ကဒါဖီရဲ့ တပ်တွေက ရပ်စ် လန်နုဖ် မြို့စွန်အထိ ရောက်လာခဲ့ကြတာပါဖြစ်ပြီး ။ အစိုးရတပ်တွေက သူပုန်တွေ တပ်စွဲထားတဲ့ အနောက်ဘက်ဒေသက အဓိကမြို့ဖြစ်တဲ့ မီစ်ရာတာ (Misrata) ကိုလည်း ဆက်လက်ဝိုင်းဝန်းထားကြောင်း သတင်းရရှိပါတယ်။