xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: Tomahawk ( တိုမဟော့ ) ဒုံးကျဉ်အကြောင်း

Sunday, March 20, 2011

Tomahawk ( တိုမဟော့ ) ဒုံးကျဉ်အကြောင်း



အမေရိကန်တပ်ဖွဲ့ ၀င်များ ကလစ်ဗျားနိုင်ငံကို စစ်ရေးအရ ၀င်ရောက်တိုက်ခိုက်ရာမှာ ပထမဦးဆုံး အသုံးပြုခဲ့တဲ့ လက်နက်ကတော့ တိုမဟော့ ( Tomahawk) အမျိုး အစားဒုံးလက်နက်တွေပဲဖြစ်ပါတယ် ။ပထမနေ့ တစ်ရက်ထဲမှာပဲ ဒုံးကျဉ်ပေါင်း ၁၁၀ လစ်ဗျားနိုင်ငံအတွင်းကို ပစ်ခတ်ခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့် ရှိသူက အတည်ပြုပြောကြားခဲ့ပါတယ် ။
ဒီတိုမဟော့ ဒုံးကျဉ်များဟာ လေယာဉ် ၊ စစ်သင်္ဘော ၊ မြေပြင်ဒုံးပစ် စင်များအပြင် ရေငုတ်သင်္ဘော ကပါ ပစ်ခတ်နိုင်သော အဖျက်စွမ်းအား ကြီးတဲ့ ဒုံးလက်နက်တစ်မျိုးဖြစ်ပါတယ် ၊ ၄င်းဒုံးပျံ များဟာ ညူကလီး ယားထိပ်ဖူးအပါအ၀င် အခြား ထိပ်ဖူး အမျိုးမျိုး ကိုသယ်ဆောင်သွားနိုင်ပြီး ပစ်မှတ်ကို ဂြိုလ်တုကတဆင့် ထိမ်းကြောင်းပြီး  ထိရောက်စွာပစ်ခတ်နိုင်သော လက်နက်အမျိုးအစားဖြစ်ပါတယ် ။
ဒီ ဒုံးကျဉ်တွေဟာ အရွယ်အစားအားဖြင့် အရှည် ၂၀.၅ ပေ ရှိပြီး ၊ အချင်း ၂၀.၄  လက်မ ရှိပါတယ် ။အလေးချိန် ၂၉၀၀ ပေါင် ( ၁၃၀၀ ကီလိုဂရမ် ) လေးပါတယ် ။ ဒေါင်လိုက်ပစ် နဲ့ အလျားလိုက် ပစ် ဆိုပြီး ၂မျိုး ထုတ်လုပ်ပါတယ် ။(Vertical Launch System (VLS) and horizontal submarine torpedo tubes ) ။

ဒုံးကျဉ်၏ အဖျက်စွမ်းအားပေါ်မူတည်၍ တန်ဘိုး အမျိုးမျိုး ကွဲပြားသော်လည်း ဒုံးကျဉ်တစ်စင်းရဲ့ အခြေခံတန်ဘိုးဟာ အမေရိကန်ဒေါ်လာ ၅၆၉၀၀၀ ဖြစ်ပါတယ် ၊ ခုပစ်လိုက်တဲ့ ဒုံးကျဉ် ၁၁၀ ရဲ့ အခြေခံ တန်ဘိုးဟာ အမေရိကန်ဒေါ်လာ ၆၂ သန်းကျော် တန်ဘိုးရှိကြောင်းလဲသိရှိရပါတယ် ။အကွာအဝေး နော်တီကယ်မိုင် ၁၃၅၀ ၊ကီလိုမီတာ ၂၅၀၀ ( nautical miles 1350, 2500 Km )  ကို အမြန်နှုံး တစ်နာရီ ၅၅၀ မိုင်နှုံး ( 550mph , 880 km /hr ) နဲ့ ပစ်ခတ်နိုင်တဲ့ Subsonic အမျိုးအစား ဒုံးလက်နက်တစ်မျိုးလည်း ဖြစ်ပါတယ်။





အမေရိကန်နဲ့ ဥရောပနိုင်ငံကြီးတွေဟာ ခုလို အဖျက်စွမ်းအားကြီး မားပြီး လူအမြောက်အများကို အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်ကြီးတွေကို အသုံးပြုပြီး အခြား အချုပ်ခြာအာဏာ ပိုင်နိုင်ငံတွေကို ၀င် ရောက်စွက်ဖက် မှုတွေရှိနေသော်လည်း မြန်မာနိုင်ငံကဲ့သို့ တတိယနိုင်ငံများကိုမူ မြေ မြှုတ်မိုင်း အသုံး ပြုလို့ဆိုပြီး ကန့်ကွက်ပြောဆိုမှုတွေဦးဆောင်လုပ်ခဲ့ကြောင်းလဲ သိရပါတယ်။