xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စာအုပ်ရေးသားသူ အဖမ်းခံရ

Thursday, March 24, 2011

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စာအုပ်ရေးသားသူ အဖမ်းခံရ

ဘစ်နဒစ်ရော်ဂျာရေးသား သော ဗိုလ်ချူပ်မှူးကြီး  သန်းရွှေ အကြောင်း စာအုပ်မျက်နှာဖုံးပုံ

 ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း စာအုပ်ရေးသားခဲ့တဲ့ Christian Solidarity Worldwide (CSW) အဖွဲ့ဝင် Mr. Benedict Rogers ကို ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့ Summit Parkview Hotel မှာမြန်မာအစိုးရတာဝန်ရှိသူများက  ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး  သက်ဆိုင်ရာနိုင်ငံသံတမန် တာဝန်ရှိသူများထံသို့ လွဲပြောင်းပေးလိုက်ကာ  ပြည်တွင်းမှ ပြန်လည်ထွက်ခွာသွားစေခဲ့ကြောင်း သတင်းရရှိပါတယ်။

 Mr. Ben Rogers ဟာ သာမန်ဧည့်ဗီဇာနဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ခဲ့ပြီး၊ ၅ ရက်အကြာမှာခုလိုထိန်းသိမ်းခံခဲံရတာဖြစ်ကြောင်း  သူဟာ မြန်မာနိုင်ငံအတွင်းနေထိုင်စဉ်အတွင်း အစိုးရနဲ့ ဆန့်ကျင်ဘက်အသွင်ဆောင်တဲ့ သဘောထားရှိသူများနဲ့တရားမ၀င်တွေ့ဆုံခဲ့ကြောင်း လည်းသိရှိရပါတယ်။
 

 
မစ္စတာ ရော်ဂျာဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (သို့မဟုတ်) အာဏာရှင်တဦးရဲ့ မျက်နှာဖုံးကို ခွာကြည့်ခြင်း ဆိုတဲ့ စာအုပ်ကို ရေးသားကာ ၂၀၁၀ ဇူလိုင်လ ၁ ရက်နေ့တွင်ဖြန့်ချိခဲ့ပြီး အဆိုပါစာအုပ်အတွက် ပြည်တွင်း မှ အစိုးရနဲ့နီးစပ်သူ အမျိုးမျိုးထံမှ အချက်အလက်များရယူ စုဆောင်းခဲ့ကြောင်းလည်း သတင်းရရှိပါတယ်။

 
 သူဟာလန်ဒန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်တဲ့ Christian Solidarity Worldwide အဖွဲ့ ရဲ့ အရှေ့အာရှရေးရာခေါင်းဆောင်တစ်ဦးဖြစ်ပြီး မြန်မာ ၊ အင်ဒိုနီးရှား ၊ မြောက်ကိုရီးယား ၊ တရုတ် ၊ ဗီယက်နမ်  နဲ့ လာအိုနိုင်ငံတွေရဲ့ လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်လေ့လာရသူ တစ်ဦး ဖြစ်ကာ အဲဒီနိုင်ငံတွေမှာရှိတဲ့ CSW ရဲ့ လုပ်ငန်းတွေကို ကြီးကြပ်သူလည်း ဖြစ်ပါတယ် ။ဒါ့အပြင်  ဗြိတိန်နိုင်ငံ Conservative Party Human Rights Commission  ရဲ့ ဒုတိယ ဥက္ကဌ လည်းဖြစ် ကြောင်းသိရှိရပါတယ်။


မစ္စတာရော်ဂျာဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး  Burma: A Captive Nation, Than Shwe: Unmasking Burmaメs Tyrant နဲ့  A Land Without Evil: Stopping the Genocide of Burma Karen People  စတဲ့ စာအုပ် ( ၃ ) အုပ်ကို ရေးသားခဲ့ပါတယ်။