xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လစ်ဗျားနိုင်ငံခြားရေးဝန်ကြီးနှုတ်ထွက် ၊ ဗြိတိန်တွင်ခိုလှုံ

Thursday, March 31, 2011

လစ်ဗျားနိုင်ငံခြားရေးဝန်ကြီးနှုတ်ထွက် ၊ ဗြိတိန်တွင်ခိုလှုံ

 
လစ်ဗျား နိုင်ငံခြားရေးဝန်ကြီး မူဆာ ကူဆာ (Moussa Koussa) ဟာ လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး မိုမာ ကဒါဖီ (Moammar Gadhafi) ရဲ့ အစိုးရအဖွဲ့ထဲကနေ နှုတ်ထွက်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိ ခိုလှုံ သွားကြောင်းသတင်းရရှိပါတယ် ။
သူဟာ တူနီးရှားနိုင်ငံကနေ တဆင့် လာရောက်ခဲ့တာဖြစ်ပြီး မိမိဆန္ဒအလျောက် ရာထူးကနေ နှုတ်ထွက်ခဲ့တာဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဒါ့အပြင် မစ္စတာ ကဒါဖီရဲ့ အနားမှာရှိတဲ့ တခြား တာဝန်ရှိသူတွေ အနေနဲ့လည်း အနာဂတ် လစ်ဗျားနိုင်ငံ ကောင်းစားရေးကို ရှေ့ရှုပြီး သူ့ကိုစွန့်ခွာ ထွက်သွားကြဖို့လည်း ၄င်းက တိုက်တွန်းလိုက်ကြောင်းလဲသိရပါတယ်။

သူဟာ ၁၉၇၉ -၈၀ ထိ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ သံတမန် တာဝန် ထမ်းဆောင်ခဲ့ပြီး ၊၁၉၈၄ ခုမှာတော့ Al Mathaba ခေါ် လစ်ဗျားရဲ့ နယ်ချဲ့ဆန့်ကျင်ရေး ၀ါဒ ဖြန့်ချိရေး ဌာန ကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ရပါတယ်၊၁၉၉၄ မှာ လစ်ဗျားထောက်လှမ်းရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပြီး ၂၀၀၉ ခုနှစ်ကနေ ခုထိ နိုင်ငံခြားရေးဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင် ခဲ့သူတစ်ဦးလည်း ဖြစ်ကြောင်း သိရှိရပါတယ်။