xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဂျပန်နျူကလီးယားစက်ရုံ ပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံတွင် အက်စစ်မိုး လုံးဝရွာသွန်းမည်မဟုတ်

Wednesday, March 16, 2011

ဂျပန်နျူကလီးယားစက်ရုံ ပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံတွင် အက်စစ်မိုး လုံးဝရွာသွန်းမည်မဟုတ်


ဂျပန်၌ နျူကလီးယားစက်ရုံ ပေါက်ကွဲမှု၏ နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံ၌ အဆိပ်သင့် အက်စစ်မိုး သက်ရောက် ရွာသွန်းမည်ဆိုသည့် လူထုကြားပျံ့နှံ့နေသောသတင်းမှာ လုံးဝ မဟုတ်မှန်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ပြော သည်။
အဆိုပါ အက်စစ်မိုး ရွာနိုင်သည်ဟူသော သတင်းများကို ဖုန်း message များမှတစ်ဆင့် လက်ကိုင်ဖုန်းသုံးစွဲသူအချို့ ထံ အမည်မသိသူတစ်ဦးမှ ပေးပို့နေခြင်းဖြစ်ပြီး ထိုဖုန်း message အရ ဂျပန်နိုင်ငံရှိ နျူကလီးယား ဓာတ်အားပေးစက် ရုံသည် ဂျပန်နိုင်ငံ၏ မတ်လ ၁၅ရက် ဒေသစံ တော်ချိန် နံနက် ၇ နာရီအချိန်တွင် ပေါက်ကွဲခဲ့ကာ လေထုနှင့် ရေထုအတွင်း ရေဒီယိုသတ္တုကြွ ဓာတ်ပစ္စည်းများ ပျံ့နှံသွားသည့်အတွက် မတ်လ ၁၅ ရက်နှင့် ၁၆ ရက် နေ့များတွင် အာရှဒေသရှိ နိုင်ငံများ၌ အက်စစ်မိုးများ ရွာသွန်းနိုင်ကြောင်း၊ ထိုအက်စစ်မိုးရေများနှင့် ထိတွေ့ပါက အရေပြားများ လောင်ကျွမ်းပျက်စီး ကာ ကင်ဆာ ရောဂါများ ဖြစ်ပွားခြင်းနှင့် ဆံပင်များကျွတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အတွက် မိုးရွာသွန်းချိန်၌ အပြင်သို့ မထွက်ရန်နှင့် မိုးရေများအား လူ ခန္ဓာကိုယ်နှင့် မထိစေရန် အထူး သတိပြုဖို့ လိုအပ်ကြောင်း၊ အင်္ဂလိပ်ဘာသာဖြင့် ပေးပို့ထားခြင်း ဖြစ်ကြောင်း အဆိုပါဖုန်း message လက်ခံရရှိသူ ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ”ဂျပန်မှာ နျူကလီးယား စက်ရုံပေါက်ကွဲမှုဖြစ်ပွားတဲ့အတွက် အာရှဒေသနိုင်ငံတွေမှာ အက်စစ်မိုးရွာ မယ်ဆိုတာလုံးဝ မဖြစ်နိုင်ပါဘူး။ ကောလာဟလသတင်းပါ။ ဂျပန်နဲ့ မြန်မာဆိုတာကလည်း အဝေးကြီးဖြစ်တဲ့အတွက် နျူကလီးယား စက်ရုံပေါက်ကွဲမှု ကြောင့် မြန်မာနိုင်ငံမှာ ဓာတ်ရောင်ခြည်သင့်မှုတွေလည်း မဖြစ်နိုင်ဘူး။ ဒါပေမဲ့ တိုကျိုမှာတော့ ဖြစ်နိုင်တယ်။ အခုလောလောဆယ် မြန်မာနိုင်ငံမှာ ရွာ နေတဲ့မိုးကလည်း နျူကလီးယားစက်ရုံပေါက်လို့၊ ဆူနာမီလှုပ်လို့ မဟုတ်ဘူး။ မိုးတိမ်တောင်တွေကြောင့် ရွာနေတာ။ ဒီမိုးက မြန်မာနိုင်ငံအောက်ပိုင်း၊ မြစ်ဝကျွန်းပေါ်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ မတ်လ ၁၈ ရက်အထိကို ရွာနေဦးမှာဖြစ်တဲ့အပြင် နေရာကွက်ပြီး လေပြင်းကျတာတို့၊ လေ ဆင်နှာမောင်း တိုက်တာတို့ဖြစ်နိုင်တယ်”ဟု သုံးသပ်သည်။
ဓာတ်ရောင်ခြည် သင့်မှုများ သည် ဖြစ်ပေါ်ရာဒေသပတ်ဝန်းကျင် ၌သာ ဖြစ်စေနိုင်ပြီး အလွန်ဆုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စက်ရုံ၏ ကီလိုမီတာ ၁ဝဝ အတွင်းသာ ပျံ့နှံ့လေ့ရှိကြောင်း၊ အိန္ဒိယနိုင်ငံရှိ Chernobyl    နျူကလီးယား ဓာတ်ပေါင်းဖို ယိုစိမ့်မှု၊ ရုရှားနိုင်ငံရှိ Sakhalin ဒေသ နျူကလီးယား ဓာတ်ပေါင်းဖိုယိုစိမ့်မှုများ၌ ပတ်ဝန်းကျင်ဒေသများအထိ ဓာတ်ရောင်ခြည် ပျံ့နှံ့မှုများမရှိခဲ့သည်ကို တွေ့ရကြောင်း၊ လတ်တလောအားဖြင့် နျူကလီး ယားဓာတ်ရောင်ခြည် ယိုစိမ့်မှု ဖြစ်ပွားနေသော ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းနှင့် အနီးဆုံးနိုင်ငံမှာ ရုရှားနိုင်ငံဖြစ်သည့်အတွက် ယင်းဒေသခံ ပြည်သူ များအား ဓာတ်ရောင်ခြည် ပျံ့ လွင့်လာနိုင်မှုနှင့်ပတ်သက်၍ နှိုးဆော်ချက်များ ပြုလုပ်ထားသော်လည်း ဓာတ်ရောင်ခြည်များ၏ ထိခိုက်မှုမှာ ရုရှားနယ် စပ်ဒေသတွေ၌ပင် မပြောပလောက်နိုင်သည့် အခြေအနေရှိကြောင်း၊ ယခုအခါ ဂျပန်နိုင်ငံ၏ အရှေ့မြောက်ဒေသတွင် ရာသီဥတုအေးကာ မိုးရွာသွန်း ခြင်းနှင့် ဆီးနှင်းများကျခြင်းတို့အပြင် လေပြင်းများတိုက်ခတ်နေသည့်အတွက် အေးနေသောလေထုကြောင့် ဓာတ်ရောင်ခြည်များသည် ဝေးဝေး မပျံ့နိုင်ကြောင်း၊ လေမှတစ်ဆင့် သယ်ဆောင်သွားမည်ဆိုပါကလည်း ဂျပန်နိုင်ငံ အရှေ့ဘက်ရှိ ပစိဖိတ်သမုဒ္ဒရာသို့သာ ရွေ့လျားသွားနိုင်ကြောင်း ၄င်းက ဆို သည်။
ဂျပန်ရှိ နျူကလီးယားစက်ရုံများသည် မတ်လ ၁၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော ရေအောက် မြေငလျင်လှုပ်ရှားမှုကြောင့် ဆူနာမီ ရေလှိုင်းများ၏ တိုက် ခတ်မှုကိုခံခဲ့ရပြီး စက်ရုံတွင်သာ တပ်ဆင်ထားသော အအေးပေးစနစ်များ ချို့ယွင်းသွားရာ မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအအေးပေး စနစ်များသည် နျူကလီးယား စက်ရုံတွင် အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်သော ရေဒီယိုသတ္တုကြွ ပစ္စည်းဖြစ်သည့် ယူရေနီယမ်သတ္တု ချောင်းများအား အပူချိန်မြင့် တက်မှု မရှိစေရန် ထိန်းပေးထားခြင်းဖြစ်ကြောင်း၊ ထိုယူရေနီယမ်သတ္တုချောင်း များသည် အပူချိန် ၁၁ဝဝ ဒီဂရီစင်တီ ဂရိတ်အထိ မြင့်တက်သွားပါက အရည်ပျော်ကျကာ ရေဒီယိုသတ္တုကြွ ရောင်ခြည်များ အပြင်သို့ ပျံ့လွင့်လာတတ်ကြောင်း၊ ဂျပန်နိုင်ငံ မီယာရီ ခရိုင်ရှိ ဖူကူရှီးမား လျှပ်စစ်ဓာတ်အား ပေးစက်ရုံသည် မတ်လ ၁၄ ရက် တွင် ထပ်မံပေါက်ကွဲကာ ထိန်းချုပ်မရ နိုင်သည့် အခြေအနေများဖြစ်ပေါ် လျက်ရှိပြီး တိုကျိုမြို့၏ မြောက်ဘက် ဒေသများတွင် ရေဒီယိုသတ္တြု<ွကူနလနူ အဆင့်များမြင့်တက်လာလျက် ရှိသည့်အတွက် ဂျပန်နိုင်ငံ၊ အဏုမြူ ထိန်းသိမ်းရေး အေဂျင်စီ အကြီးအကဲ မှ နိုင်ငံတကာအဏုမြူအေဂျင်စီအဖွှဲု့ဗနဗ နှင့် အမေရိကန် ပြည်ထောင်စု တို့ထံ နျူကလီးယား ကျွမ်းကျင်သူ အကူအညီပေးရန် တရားဝင် တောင်း ဆိုထားသည်ဟု သိရသည်။
ဂျပန်နိုင်ငံ၏ အင်အား ၈ ဒသမ ၉ ရှိ မြေငလျင်ကြီး မတ်လ ၁၁ ရက်နေ့က လှုပ်ခတ်သွားခဲ့ရာ ငလျင်ဒဏ်သင့်ခဲ့သော ဖူကူရှီးမား ဒိုင်အိချီ နျူကလီးယားစက်ရုံမှ အမှတ် ၁ ဓာတ်ပေါင်းဖိုသည် မတ်လ ၁၂ ရက်နေ့တွင် စတင် ပေါက်ကွဲခဲ့ပြီး ယင်းစက်ရုံမှ အမှတ် ၂ ဓာတ်ပေါင်းဖိုမှာမူ မတ်လ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၁၄ မိနစ်တွင် ဟိုက်ဒရိုဂျင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းပေါက်ကွဲမှုများကြောင့် အမှတ် ၆ ဓာတ်ပေါင်းဖိုသည် လည်း ထိခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သူရထွန်း (ပေါ်ပြူလာ)