xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဂျပန် JBIC ဘဏ်၏ ကူညီမှု ကြောင့် ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း သို့ ဂျပန်နှင့် ထိုင်းလုပ်ငန်း ရှင်ကြီးများ အလုံးအရင်း ၀င်ရောက် လာဖွယ်ရှိ

Wednesday, March 2, 2011

ဂျပန် JBIC ဘဏ်၏ ကူညီမှု ကြောင့် ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း သို့ ဂျပန်နှင့် ထိုင်းလုပ်ငန်း ရှင်ကြီးများ အလုံးအရင်း ၀င်ရောက် လာဖွယ်ရှိ

ထားဝယ် ရေနက် ဆိပ်ကမ်း စီမံ ကိန်း၌ ပါဝင် ရင်းနှီး မြှုပ်နှံမည့် ဂျပန် နှင့် ထိုင်း လူမျိုး စီးပွားရေး လုပ်ငန်း ရှင်များ အတွက် လိုအပ် သည့် ဘဏ္ဍာ ရေး အကူအညီ များကို ဂျပန် အပြည် ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ဘဏ် (JBIC)က ပံ့ပိုး ကူညီရန် စီစဉ် လျက် ရှိရာ မြန်မာ့ ရင်းနှီး မြှုပ်နှံမှု နယ် ပယ်၌ ဂျပန်နှင့် ထိုင်းတို့ ပိုမို ဈေးကွက် ချဲ့ထွင် နိုင်ဖွယ် ရှိကြောင်း သိရသည်။
အဆိုပါ အစီအစဉ် အရ ထား ၀ယ် ရေနက် ဆိပ်ကမ်း စီမံကိန်း သည် အလွန်ကြီးမား ကျယ်ပြန့်သည့် အတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးမြှင့်ရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ အာဆီယံ ဒေသ တွင်း ငွေကြေး စီးဆင်းမှု အတွက် bond market (သဘောတူ ဈေး ကွက်)ကို တည်ထောင်ရန် ဂျပန် နိုင်ငံ က ထောက်ခံ ကြောင်း၊ ထားဝယ် ဒေသ အတွင်း ရေနက် ဆိပ်ကမ်း၊ လမ်းဖောက် လုပ်ခြင်း၊ စွမ်းအင် စက် ရုံ၊ သံမဏိ စက်ရုံနှင့် ရေနံ ဓာတုစီး ပွားရေး ဇုန် တည်ထောင်ခြင်းတို့တွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် ဂျပန် ကုမ္ပဏီကြီးများ က စိတ်ဝင်စား လျက် ရှိကြောင်း၊ ဂျပန်နိုင်ငံ အနေဖြင့် ထိုစီမံကိန်း အတွက် မြန်မာ နိုင်ငံ ၏ အိမ်နီးချင်း ထိုင်း နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် မည်ဖြစ်ရာ ပါဝင် မည့် လုပ်ငန်းရှင် များ ဘဏ္ဍာရေး အကူ အညီ လိုအပ်ပါက ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ဘဏ် က အထူး သီးသန့် စာချုပ် များဖြင့် ငွေကြေး အထောက်အပံ့ ပေးမည်ဖြစ် ကြောင်း သိရသည်။