xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လစ်ဗျားအရေး အိုဘားမားလက်ရှောင်

Tuesday, March 29, 2011

လစ်ဗျားအရေး အိုဘားမားလက်ရှောင်

 
 ကွန်ဂရက်လွှတ်တော်၏ ထောက်ခံမှုရယူခြင်းမရှိပဲ လစ်ဗျားနိုင်ငံအား အမေရိကန်တပ်များ ၀င်ရောက် တိုက်ခိုက်မှု အပေါ် အမေရိကန်သမ္မတ အိုဘားမား အား ရီပတ်ဘလီကင် လွှတ်တော်အမတ်အချို့က အခြေခံ ဥပဒေကို စော်ကား ချိုးဖေါက်လိုက်ခြင်း ဖြစ်ကြောင်း ပြစ်တင် ပြောကြားလိုက်ပါသည် ။

" အမေရိကန်တပ်မတော်ကိုရှင်ဘုရင်က အုပ်ချုပ်နေတာမဟုတ်ပါဘူး၊ သမ္မတ တစ်ယောက်ထဲ ဆုံးဖြတ်ပြီး လစ်ဗျားကို တပ်တွေစေလွှတ်လိုက်တာဟာ အခြေခံ ဥပဒေကို စော်ကားလိုက်တာပါပဲ "ဟု ကွန်ဂရက်အမတ် တစ်ဦးဖြစ်သူ ရော့စကို ဘားလက်က Hill မဂ္ဂဇင်းသို့ ပြောကြားလိုက်ပါသည်။ House Of Representative ဥက္ကဌ ဖြစ်သူ ဂျွန်ဘိုနာကလည်း အလားတူ ပြစ်တင်ဝေဖန်မှုမျိုး ပြုလုပ်ခဲ့ကြောင်းလည်းသိရ ပါတယ်။

အမေရိကန်အခြေခံဥပဒေ အရ သမ္မတသည် နိုင်ငံတစ်ခုကို စစ်ကြေငြာရန်အတွက် လွှတ်တော်၏ထောက်ခံမှုကို ရယူရန်လိုအပ်ကြောင်း ဖေါ်ပြထားပါတယ်။


အဆိုပါ ကန့်ကွက်ပြောဆိုမှုများကြောင့် အမေရိကန်သမ္မတ သည် လစ်ဗျားအားနိုင်ငံစုံ တပ်များ ၀င်ရောက်တိုက်ခိုက် မှုတွင် အစပထမပိုင်း၌ ဦးဆောင်မှု အခန်းကဏ္ဍ တွင်ပါဝင် ခဲ့သော်လည်း နောက်ပိုင်းတွင်မူ နေတိုး အဖွဲ့သို့ ၄င်းတာဝန်ကို လွှဲပြောင်းပေးကာ လက်ရှောင်နေခဲ့သည်။

အလားတူပင် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည်လည်း အစပထမ ပိုင်းတွင် ကုလ မှ လစ်ဗျားနိုင်ငံအား အရေးယူရေးတွင် လစ်ဗျားသူပုန် ခေါင်းဆောင်များနှင့် တွေ့ဆုံသည် အထိ တက်ကြွစွာ ပါဝင်ခဲ့ပြီး အထက်ပါကန့်ကွက်မှု များ ထွက်ပေါ်လာပြီး နောက်တွင်မူ နှုတ်ဆိတ်နေသည်ဟု အကဲခတ်များက သုံးသပ်လျက် ရှိကြောင်းသတင်းရရှိ ပါသည်။