xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဂျပန် ဆူနာမီအတွက် ဒေါ်စုကြည်မှ ကဗျာများ ပေးပို့ကူညီမည်

Saturday, March 26, 2011

ဂျပန် ဆူနာမီအတွက် ဒေါ်စုကြည်မှ ကဗျာများ ပေးပို့ကူညီမည်

ယနေ့ (မတ်လ ၂၆ ) ရက်နေ့ မနက်ပိုင်း  RFA သတင်းထုတ်လွှင့်ချက်တစ်ခုတွင် ဒေါ်စုကြည်မှ ဂျပန်နိုင်ငံ ငလျင်နှင့် ဆူနာမီ ဒဏ်ခံရသူများအား စာနာပါကြောင်း သူ့အနေဖြင့်လည်း ကူညီမှုများ တတ်နိုင်သရွေ့ ပေးအပ်သွားမှာဖြစ်ကြောင်း ခုလောလောဆယ်တော့ ဘာမှပေးစရာမရှိကြောင်း ဒါကြောင့် တတ်နိုင်သည့် ကဗျာများပေးပို့ရန်စီစဉ်နေကြောင်း ၊ ထိုကဗျာများမှာ ဆူနာမီနှင့်ပတ်သက်သော ကဗျာများ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။
ပြည်တွင်းမှ ရရှိသော အခြားသတင်းတခုတွင်မူ ထိုကဗျာများထဲတွင် ဦးဝင်းတင်ဆိုသူ ရေးသော ကဗျာတစ်ပုဒ်လဲပါဝင်ကြောင်း ထိုကဗျာကို ဦးဝင်းတင်က ဂျပန်ရိုးရာ ကဗျာရေးနည်း တမျိုးဖြင့် ရေးသားထားပါကြောင်း သိရှိရပါသည်။
ဤသတင်းနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပမှ ဒေါ်စုကြည်အား အမေဟု၎င်း၊ လူထုခေါင်းဆောင်ဟု၎င်း ၊မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဟု၎င်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဟု ၄င်း အမျိုးမျိုး မြှောက်ပင့်ကာ ကြံဖန်ချီးမွမ်းသည့်အလုပ်ဖြင့်အသက်မွေးဝမ်းကြောင်းပြုရရှာသူများက  အောက်ပါအတိုင်းတုန့်ပြန်ကြလေသည်။

- ဒါသိပ်ကောင်းတဲ့လုပ်ရပ်ပေါ့...စိတ်ကူးကောင်းလိုက်တာ..

- ဟေး...........အမေစုက ကဗျာတွေပို့တော့မယ်တဲ့ဟေ့....

- ဒါမှန်တာပေါ့ ဂျပန်ဆိုတာ သူဌေးနိုင်ငံလေ...ပိုက်ဆံမလိုဘူး..

- ကဗျာဆိုတာ စိတ်အစာတစ်မျိုးပဲ...ကောင်းလိုက်တာ...စိတ်ခွန်အားတက်တာပေါ့...

- ကဗျာတွေက ဂျပန်လိုလား ..မြန်မာလိုလားတော့ မသိဘူး..မြန်မာလိုတွေဆိုရင် ဂျပန်လို ပြန်ရမယ်..

- ဘ ဘဦးဝင်းတင်ကတော့ သူကစာတခုခုရေးရင် ရှေ့မှာ ဘာလဲဟဲ့ ..ဘာလဲဟဲ့ ဆိုပြီး ထည့်လေ့ရှိတယ် ခုလည်း ဘာလဲဟဲ့ ဆူနာမီ ဆိုပြီးများ ဖြစ်နေမလားမသိဘူးနော်..ဟီဟိ...ဖတ်ချင်လိုက်တာ..ဒါကိုဂျပန်လိုဆို津波です လို့ များရေးရင်ဖြစ်မလားမသိဘူးနော်....ငါကရောက်ခါစဆိုတော့ မပြန်တတ်ဘူး ပြန်တတ် တဲ့သူတွေ ရှာထားဦးနော်...

- အမေစုတို့ကတော့ဟေ့....လုပ်ချလိုက်ပြန်ပြီ..တော်ယုံ တန်ယုံ တွေးမိမှာမဟုတ်ဘူး..ဒီစိတ်ကူးမျိုး......

အစရှိသည်ဖြင့် ..အစရှိသည်ဖြင့် ပြောဆိုကြလေသည်..ဒီနေရာမှာမေးစရာရှိလာတာက အကယ်၍ သာပေါ့ဗျာ ..ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကများ ဂျပန်ဆူနာမီ အတွက် ကဗျာများ ပေးပို့မည်ဆိုပါက ဒီလိုအသံမျိုး ထွက်မည်ဟု သင်ယုံကြည်ပါသလား..???? 

အဆိုပါ ဒေါ်စုကြည်အားကြံဖန်ချီးမွမ်းပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးနှင့် နိုင်ငံတော်အစိုးရအား ကြံဖန်အပြစ်တင်သည့် အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရရှာလေသော ကျေးဇူးရှင်တို့၏ အသံကို သင်ကြားလိုပါသလား..??????


ထိုသူတို့၏ အပြောင်းလဲမြန်သောစိတ်ဓါတ်ကို သင်သိလိုပါသလား??????


ဒီပို့စ်လေးကို ယူပြီးသင်၏ လူမှုရေး ကွန်ယက်တစ်ခုတွင် တင်ကြည့်လိုက်ပါ.....

ခေါင်းစဉ်က .....
" အကယ်၍သာ..ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ဂျပန်ဆူနာမီအတွက် ကဗျာများပေးပို့မည်ဆိုပါလျှင်"

ဒေါက်တာဆိတ်ဖွား