ဗြိတိသျှပါလီမန် အဆောက်အဦ
ပြည်ထောင်စုလွှတ်တော်
ကျင်းပတဲ့အခါ မေးခွန်းများ မေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာ တစ်ချို့
မေးခွန်းကို ကြိုတင်ပြရတာ ဒီမိုကရေစီ မကျဘူး၊ ဖြေတာတွေက မတိကျဘူး စသည်ဖြင့်
ဝေဖန်တာတွေ ရှိပါတယ်။ စာဖတ်သူ တစ်ယောက်ကတော့ တစ်ခြား ဒီမိုကရေစီ
နိုင်ငံတွေမှာရော လွှတ်တော်မှာ မေးခွန်း မေးတဲ့အခါ ကြိုတင်ရသလား ဘယ်လို
အချက်တွေကို လိုက်နာ ရသလဲ သိချင်တယ်လို့ မေးလာပါတယ်။ ဒါကြောင့် လေ့လာမိသမျှ
ဝေငှ ပေးလိုက်ပါတယ်။
ပထမဆုံး
လွှတ်တော် မေးခွန်း ဆိုတာရဲ့ သဘော သဘာဝကို ပြောရရင် လွှတ်တော် ကိုယ်စားလှယ်
များက သူတို့ သိချင်တဲ့၊ ဒါမှ မဟုတ် မဲဆန္ဒရှင်တွေ သိချင်တဲ့၊ သိသင်တဲ့
အချက်အလက် များကို အစိုးရ အဖွဲ့ကို မေးမြန်းခြင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်
အစိုးရ အဖွဲ့က ၀န်ကြီးတွေ အနေနဲ့ အချက်အလက် အပြည့်အစုံနဲ့ ဖြေကြားဖို့
လိုပါတယ်။ ဒီအတွက် အစိုးရအဖွဲ့ကို ပြင်ဆင်ချိန်ပေးတဲ့ ကြိုတင်ပြဖို့
လိုပါတယ်။ ဒါပေမယ့် အရေးပေါ် ကိစ္စတွေမှာ မေးခွန်းမေးတဲ့ အခါမှာတော့ လွှတ်တော်
အကြီးအမှူး လုပ်သူက သီးခြား ခွင့်ပြုပေး နိုင်ပါတယ်။ နောက်ပြီး
အဲဒီမေးခွန်းကို မေးခွင့် ပြု၊မပြု ဆိုတာလည်း လွှတ်တော် အကြီးအမှူးရဲ့
ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ တစ်ချို့ နိုင်ငံတွေ မှာတော့ ဘယ်လို
မေးခွန်းမျိုး ဆိုရင် ခွင့်ကို ခွင့်ပြုရမယ်လို့ သတ်မှတ်တာလည်း ရှိပါတယ်။
(ဥပမာ။ ဘတ်ဂျက်ကိစ္စ မေးခွန်းများ)
တစ်ခြား
နိုင်ငံတွေမှာ လွှတ်တော် မေးခွန်းနဲ့ ပတ်သက်ပြီး ကျင့်သုံးတဲ့
အခြေအနေတွေကို ပြောတဲ့ အခါမှာတော့ ပါလီမန် စနစ်ရဲ့ ဘိုးအေဖြစ်တဲ့ ဗြိတိသျှ
ပါလီမန်ရဲ့ House of Common လို့ခေါ်တဲ့ အောက်လွှတ်တော် အကြောင်းကိုပဲ
ပြောချင်ပါတယ်။
မေးခွန်းများရဲ့ ရာဇ၀င်
ဗြိတိသျှလွှတ်တော်မှာ
မေးခွန်းမေးတဲ့ အစဉ်အလာကို အထက် လွှတ်တော်မှာ ၁၇၂၁ ခုနှစ်က စခဲ့တယ်လို့
မှတ်တမ်းများက ဆိုပါတယ်။ အဲဒီတုံးက မြို့စားကြီး Earl Cowper က စီးပွားရေး
ကုမ္ပဏီ တစ်ခုက မန်နေဂျာချုပ် ထွက်ပြေးတဲ့ သတင်း မှန်သလားလို့ အစိုးရ
အဖွဲ့ကို မေးခဲ့တာ ဖြစ်ပါတယ်။ မေးခွန်းမေးတဲ့ စနစ်ကို စနစ်တကျ ကျင့်သုံးခဲ့
တာကတော့ ၁၈၃၃ ခုနှစ် ဖြစ်ပြီးတော့ ၀န်ကြီးတွေကို မေးတဲ့မေးခွန်း များကို
ကြော်ငြာ သင်ပုန်းမှာ စပြီး ကပ်ပေး ခဲ့တယ်လို့ ဆိုပါတယ်။
ဗြိတိသျှ အောက်လွှတ်တော်မှာ မေးတဲ့ မေးခွန်းက လေးမျိုးရှိပါတယ်။
၁။ နှုတ်ဖြင့်အဖြေပေးရမယ့်မေးခွန်း Questions for Oral Answer ။
၂။ စာဖြင့်ရေးသားဖြေဆိုရမယ့်မေးခွန်း Questions for Written Answer ။
၃။ ကော်မတီ အစည်းအဝေးများမှာ မေးတဲ့ ကြားဖြတ်မေးခွန်း Cross-cutting questions (taken in Westminster Hall) ။
၎။ အရေးပေါ်မေးခွန်း Urgent Questions ။
လိုက်နာရမည့် စည်းကမ်းများ
မေးခွန်းကို
မတင်ပြခင် အဲဒီမေးခွန်းဟာ အောက်လွှတ်တော်က သတ်မှတ်ထားတဲ့ စည်းမျဉ်းများနဲ့
ညီဖို့ လိုပါတယ်။ အဲဒီ စည်းကမ်းတွေနဲ့ ပတ်သက်ပြီး လက်ရှိ ကျင့်သုံးနေတဲ့
နည်းဥပဒေ စာအုပ်ဟာ ၂၃ ကြိမ်မြောက် ပြင်ဆင်ခြင်းလို့ သိရပါတယ်။ အဲဒီ
စည်းမျဉ်းတွေထဲက အရေးကြီးတဲ့ အချက်အချို့ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -
(အတိအကျ သိနိုင်အောင် မူရင်းအတိုင်းပဲ ဖော်ပြ လိုက်ပါတယ်။)
• either (a) seek information (‘what, how many, when…’) or (b) press for action (‘if he will…’);
• not offer or seek expressions of opinion;
• not convey information nor advance a proposition, an argument or debate;
•
have a factual basis for which the tabling Member is responsible (it
may not, for example, seek confirmation or denial of rumours or media
reports);
•
relate to a matter for which the Minister addressed is responsible as a
Minister (it may not, for example ask about: activities in a Minister’s
capacity as party leader or member; reports or research by independent
organisations, no matter how pertinent; or matters which are the
statutory responsibility of the devolved administrations);
• not seek an expression of opinion on, or an interpretation of, a question of law, since this is for the courts to decide;
•
not refer to a matter active before a UK court or court martial
(including a coroner’s court), as this is prohibited by the House’s sub
judice rule;
•
not ask for information: readily available elsewhere (including in
Hansard); or provided or blocked/ otherwise denied by the same Minister
in the same session;
• not be hypothetical or obviously about opposition policy.
မေးခွန်းကို
ရေးတဲ့အခါမှာ တတ်နိုင်သမျှ တိုတိုနဲ့ လိုရင်းကို ရေးဖို့နဲ့ ဘုရင်၊
တရားရုံးနဲ့ ပါလီမန် နှစ်ရပ်ရဲ့ ကိုယ်စားလှယ် များနဲ့ ပတ်သက်ရင် လွှတ်တော်က
သတ်မှတ်ထားတဲ့ အတိုင်း ယဉ်ကျေးတဲ့ အသုံးအနှုန်းများ သုံးရပါတယ်။ နောက်ပြီး
လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုကို ဖြစ်စေမယ့် အကြောင်းအရာ များကို
ရှောင်ရှားဖို့ သတ်မှတ် ထားပါတယ်။
မေးခွန်းတင်သွင်းခြင်း
မေးခွန်းများကို
သောကြာ၊ စနေ၊ တနင်္ဂနွေမပါ အနည်းဆုံး သုံးရက် ကြိုတင်ရပါတယ်။ ဒါပေမယ့်
မြောက်အိုင်ယာလန်နဲ့ ဝေလပြည်နယ်နဲ့ ဆိုင်တဲ့ မေးခွန်းဆိုရင် သောကြာ၊ စနေ၊
တနင်္ဂနွေ မပါ လေးရက် ကြိုတင်ရပါတယ်။ ဒီ သတ်မှတ်ချက်ကြောင့် သုံးရက်
ဆိုပေမယ့် တကယ် တင်သွင်းတဲ့ ရက်နဲ့ ဖြေမယ့်ရက်ကို အခုလို ပါလီမန်
ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
တင်သွင်း
|
တနင်္လာ
|
အင်္ဂါ
|
ဗုဒ္ဓဟူး
|
ကြာသပတေး
|
ဖြေဆို
|
ကြာသပတေး
|
တနလာၤ
|
အဂၤါ
|
ဗုဒၵဟူး
|
ထူးခြားတာ
ကတော့ တစ်နေ့တာ မေးခွန်းတွေ အတွက် အချိန်တစ်နာရီပဲ ရှိတဲ့အတွက် အားလုံးကို
မဖြေနိုင်ပါဘူး။ ဒီတော့ လွှတ်တော်ရုံးက အဲဒီတစ်နေ့ အတွက် ပေးသမျှ
မေးခွန်းတွေကို ပုံးထဲထည့် မဲပြန်နှိုက်ပြီးမှ ဦးစားပေး အစီအစဉ်
စီပေးရပါတယ်။ ရှေ့ဆုံးစာရင်းမှာ ပါတဲ့ မေးခွန်းက အဖြေခံရဖို့ များတာပေါ့။
ဒီနေ့မှာ ကိုယ့်မေးခွန်း ဖြေတဲ့အထဲ မပါရင် နောက်နေ့ ပြန်တင်၊ ပြန်အရွေးခံ
လုပ်ရပါတယ်။ အခု ခေတ်ကျတော့ ကွန်ပျူတာနဲ့ Random ပြန်စီတဲ့ စနစ်ကို
သုံးပါတယ်။
ကိုယ်စားလှယ်
တစ်ယောက်ဟာ တစ်နေ့မှာ မေးခွန်းနှစ်ခုထက် ပိုပြီးမေးလို့ မရပါဘူး။
နောက်ပြီး ၀န်ကြီးဌာနတစ်ခု အတွက် မေးခွန်းတစ်ခုပဲ မေးလို့ ရပါတယ်။
အဖြေများ
မေးခွန်းစာရင်း
ထွက်လာတဲ့အခါ သက်ဆိုင်ရာ ၀န်ကြီးဌာနရဲ့ ပါလီမန်ဆိုင်ရာ အတွင်းဝန် ဆီကို
မေးခွန်းတွေ ပို့ပေးပါတယ်။ သက်ဆိုင်ရာ ဌာန အကြီးအကဲများက အဖြေမူကြမ်းကို
ပြုစုပြီး ၀န်ကြီးထံ တင်ပြရပါတယ်။ ၀န်ကြီးက လက်ခံရင် အဲဒီအတိုင်း
လွှတ်တော်မှာ သွားရောက် ဖြေဆိုပါတယ်။ ဖြေဆိုတဲ့ ၀န်ကြီးဌာန အနေနဲ့ကတော့
မေးခွန်းပါ အကြောင်းအရာ တင်မက ၀န်ကြီးဌာနရဲ့ လုပ်ဆောင်ချက်ကိုပါ
ကျန်ကိုယ်စားလှယ်များ သိနိုင်အောင် Back Ground Briefing အနေနဲ့ ဖြေရပါတယ်။
မေးတဲ့ အကြောင်းအရာက မိမိ ၀န်ကြီးဌာနနဲ့ သာမက အခြား ၀န်ကြီးဌာန နဲ့ပါ
သက်ဆိုင်နေရင် ၀န်ကြီးနှစ်ပါး ညှိပြီး တစ်ဦးကပဲ ဖြေရပါတယ်။
ဗြိတိသျှ
လွှတ်တော်ရဲ့ ထူးခြားချက်တစ်ခုကတော့ မေးခွန်းတစ်ခုကို ဖြေဖို့ ကုန်ကျတဲ့
အချိန်၊ လူလုပ်အားစတာတွေကို တွက်ချက်ထားပြီး သတ်မှတ်ငွေပမာဏထက်ကျော်လွန်ရင်
ဝန်ကြီးဌာနအနေနဲ့ အဲဒီမေးခွန်းကို ဖြေဖို့ မလိုဘူးလို့ သတ်မှတ် ထားတာ
ဖြစ်ပါတယ်။ အဲဒီ သတ်မှတ်ချက်ကို disproportionate cost threshold (DCT)
လို့ ခေါ်ပါတယ်။ အခု သတ်မှတ်ထားတဲ့ DCT က ပေါင် ၇၅၀
ဖြစ်ပြီး အဲဒီထက် ကျော်ရင် သက်ဆိုင်ရာ ၀န်ကြီးဌာနက ဖြေကြားဖို့
ငြင်းနိုင်ပါတယ်။ လောလောဆယ် စာနဲ့ဖြေရမယ့် မေးခွန်း တစ်ခုအတွက် သာမန်
ကုန်ကျငွေက ပေါင် ၁၄၉ နဲ့ နှုတ်ဖြေမေးခွန်း အတွက်က ပေါင် ၄၁၀ ဖြစ်ပါတယ်။
မေးခွန်း
ဖြေဆိုရာမှာ အပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်။ ပထမပိုင်းမှာ ၀န်ကြီးက
ကြိုတင်ပေးပို့ ထားတဲ့ မေးခွန်းကို ဖြေကြားတာ ဖြစ်ပြီး ဒုတိယပိုင်းမှာ
မေးမြန်းသူက အဖြေပေါ် မူတည်ပြီး မေးတဲ့ နောက်ဆက်တွဲ မေးခွန်းကို
ဖြေကြားခြင်း ဖြစ်ပါတယ်။ မေးခွန်း ဖြေကြားမှု ကိုတော့ တနလာင်္ကနေ ကြာသာပတေးအထိ
အစည်းအဝေး စစချင်း ပထမ တစ်နာရီမှာ လုပ်ပါတယ်။ ၀န်ကြီးချုပ် ကတော့
သူဖြေရမယ့် မေးခွန်းတွေကို ဗုဒ္ဓဟူးနေ့မှာ ဖြေပါတယ်။
လွှတ်တော်ဥက္ကဋ္ဌ
မေးခွန်း
အမေးအဖြေ ကဏ္ဍကို တစ်ခြား လွှတ်တော်တွင်း လုပ်ငန်းများလိုပဲ လွှတ်တော်ဥက္ကဋ္ဌက
ကြီးကြပ်ပါတယ်။ မေးခွန်းကို အတည်ပြုသလို သက်ဆိုင်ရာ ၀န်ကြီးက
ဖြေကြားပြီးတဲ့ အခါမှာ နောက်ဆက်တွဲ မေးခွန်း မေးချင်သူတွေ ရှိရင်လည်း
ဘယ်နှစ်ယောက်ပဲ မေးခွင့်ပြုမယ် ဆိုတာကို ဆုံးဖြတ်ပါတယ်။ ကိုယ်စားလှယ်
တစ်ယောက်ထဲက အကြာကြီး ပြောနေရင် လည်း ဥက္ကဌကနေ တိုတိုမေးဖို့ ညွှန်ကြား
နိုင်ပါတယ်။ ဥက္ကဋ္ဌ အနေနဲ့ သတ်မှတ်ချိန် အတွင်းမှာ မေးခွန်းများများ
မေးနိုင်ဖို့နဲ့ လုံလောက်တဲ့ အဖြေ ရရှိနိုင်ဖို့ ချိန်ဆပြီး လုပ်ရပါတယ်။
အရေးပေါ်မေးခွန်း
နိုင်ငံနဲ့
ပြည်သူများအတွက် အရေးကြီးတဲ့ မေးခွန်းများ မေးချင်ရင်တော့ သက်ဆိုင်ရာနေ့
လွှတ်တော်မစမီ သတ်မှတ်ချိန် မတိုင်မီ တင်သွင်းနိုင်ပါတယ်။
သိသလောက်
မျှဝေပေးလိုက်တာ ပါဗျာ။ ဘာပဲဖြစ်ဖြစ် မေးခွန်းတစ်ခုကို ကြိုတင်ရတယ်
ဆိုတာနဲ့ လွှတ်တော်အလိုက် မေးခွန်းမေးခြင်း ဆိုင်ရာ စည်းမျဉ်းတွေ ရှိကြတယ်
ဆိုတာကတော့ သေချာပါတယ်။
ပိတောက်မြေ