xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကျွန်ုပ် နှင့် ထူးဆန်းသော ပန်းချီဆရာ ၂ ဦး ( အပိုင်း ၂ )

Wednesday, March 23, 2011

ကျွန်ုပ် နှင့် ထူးဆန်းသော ပန်းချီဆရာ ၂ ဦး ( အပိုင်း ၂ )

တနေ့သ၌ ဖြစ်ပါသည် ....ထိုနေ့သည် မြန်မာ့နိုင်ငံရေးတွင် လွန်စွာပေါ်ပြူလာဖြစ်သောဒေါ်စုကြည် နေအိမ် အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီး မကြာမီ ချိန်ကဖြစ်ပါသည် ။ ထိုဒေါ်စုကြည်ဆိုသူ အမျိုးသမီး သည် နေအိမ်အကျယ် ချုပ်တွင် အချိန်ကြာမြင့်စွာနေခဲ့ ရပြီးမှ ပြန်၍ လွတ်လာသောကြောင့်လား မပြောတတ် သူသည် လွန်စွာမှ စကားပြောချင်နေလေသည် ။မြင်မြင်သမျှတို့အား ရောက်တတ်ရာရာများကို နေ့ည ဆိုသလို မနားတမ်း ပြောဆိုနေလေတော့သည် ။ရေသောက်ရန်ပင်မေ့နေသဖြင့် အနားတွင်ရှိသော တပည့်တပန်းများက ရေခွက်အတင်းဇွတ်ထိုး ပေးရသည်အထိ မနားတမ်းပြောဆို နေသည်ဟုဆိုလေ၏။ သူမပြောဆိုသည့်အထဲတွင် လွန်ခဲ့သောနှစ်ပေါင်း များစွာက သူမ၏ ဖခင်ကြီးကိုယ်တိုင် ကျင်းပခဲ့သော ပင်လုံဟူ သောညီလာခံကြီးကို တဖန်ပြန်လည်ကျင်းပမည့် အကြောင်းလဲပါ၏ ၊ တွတ်တာ ဟုခေါ်သော လူမှုကွန်ယက်ကို သုံးချင်သည်ဟုလည်းပါ၏ လူငယ်တွေအသံကို နားထောင်ချင်သည်ဟုလည်းပါ၏ ၊ ပြည်ပ မီဒီယာ တစ်ခုမှ လမ်းဆုံက ဂျမ်းဘုံ အစီအစဉ်တင်ဆက်သူအားလည်း နှုတ်ခွန်းဆက်ကြောင်းလဲပါ၏ ၊ အိမ်တွင်ထမင်းချက်သည့်ကိစ္စသည် နိုင်ငံရေးဖြစ်သည့် အကြောင်းလဲပါ၏ ထိုသို့ ရောက်တတ်ရာရာများပြောဆိုရာတွင် အများဆုံးပါသော စကားစုတစ်ခုမှာ "အားလုံးဝိုင်းလုပ်ကြတာပေါ့" ဟူသောစကားစု ဖြစ်လေ၏ ။ ထို့အပြင် လူထုအားလည်း မိန့်ခွန်းပြောချင်နေသည်မှာလည်း တစ်ပိုင်းသေသကဲ့သို့ ဖြစ်နေသဖြင့် အမြန်စီစဉ်ပေး ရပြန်လေ ၏ ထိုသို့လူထုအား မိန့်ခွန်းပြောဆိုနေစဉ်တွင် သားဖြစ်သူထံမှ ဖုန်းလာသဖြင့် လူထုအားခဏထား၍ ဖုန်းပြေးပြောပြန်လေ၏ တဖန်ပြန်ထွက်လာသောအခါ လက်ထဲတွင်   ပြည်သူလူထုအား သူမအနေဖြင့်ချစ်ခင်ကြောင်း ဆော့ ပင်ဖြင့် ရေးသား ထားသော စာရွက်ကြီးအား ထောင်ပြပြန်လေ၏ ထိုသို့ထောင်ပြနေရင်းနှင့်ပင် အကြောင်းမဲ့ ရီပြန်လေ၏  ထိုသို့ မိန့်ခွန်း ပြောလိုက် အထဲဝင်သွားလိုက် ပြန်ထွက်လာလိုက် စာရွက်ကြီးထောင်ပြီးလှည့်ပြလိုက် အကြောင်းမဲ့ရီပြလိုက် အသံချဲ့စက်အသံက တိမ်ဝင်သွားလိုက် ဖြစ်နေသည်ကို ပွဲကြည့်သကဲ့သို့ ကြည့်နေသော လူထုကြီးက လက်ခုပ်များ တီး လိုက်၊ ရီလိုက် လုပ်ကြလေတော့သည် ။
 

ထိုသို့ လုပ်နေစဉ်နေတွင်ပင် ထိုဒေါ်စုကြည်က အရှေ့ကလူတွေနောက်သွား နောက်ကလူတွေရှေ့လာဟု ဆိုပြန်သဖြင့် လူထုကြီးမှာ ရုတ်ရုတ်သဲသဲဖြစ်ရပြန်လေ၏ ဘိနပ် ပျောက်သူများလဲပျောက်ကြလေတော့ သည် ။တချို့ကလဲဘယ်မှ မသွားပဲထပြီးပြန်ထိုင်ကြလေ၏ အချို့လဲအပြီးပြန်သွားကြလေ၏ နောက်မှ ရှေ့သို့ တိုးဝှေ့ လာကြသူများလဲ ရှိလေသည် ပွဲဈေးတန်းကဲ့သို့ ဖြစ်နေသဖြင့် မြေနီကုန်းတစ်ဝိုက်မှ ဈေးသည်လေး များကလည်း ထိုအနီးအနားတ၀ိုက်တွင် ရေသန့် ၊ အအေး ကွမ်းယာ အစရှိသော မုန့်ပဲသွားရည် စာများကို ဈေး တင်၍ ရောင်းကြ ကုန်လေ၏ လူထုအပေါင်းကလဲ ၀ယ်၍စားသောက်ကြကုန်လေ၏ ထိုအထဲတွင် ပင်နီ တိုက်ပုံဝတ်ထားသူတစ်ယောက်လဲပါလေ၏ သူက ALPINE ဟူသော ရေသန့်ဘူးအား ၀ယ်သောက်ရန် ဈေး ဘယ်လောက်လဲ မေးရာ ရေသန့်ရောင်းသော သူငယ်လေးက ၂၀၀ ပါခင်ဗျ ဟု ပြောရာ အဆိုပါပင်နီ တိုက်ပုံနှင့် လူက ဈေးကြီးတယ် မင်းတို့လိုကောင်တွေကြောင့် တိုင်းပြည်မတိုးတက်တာ ..၁၀၀ ပဲယူ မကျေနပ်လဲ မတတ်နိုင်ဘူး ငါတို့က မတရားတာမကြိုက်ဘူးကြားလားဟု ကြီးနိုင်ငယ်ညှင်း ဟိန်းဟောက် ပြောဆိုသဖြင့် ထို သူငယ်လေးလည်း ရေသန့်ဘူးတစ်ဘူးကိုထိုလူလက်သို့ ထိုးပေးပြီး ထိုသူပေးသော ငွေတစ်ရာကို မျက်နှာငယ်ငယ်နှင့် ယူကာ သူသည် ရေသန့်ဘူးကို ငွေ ၂၀၀ နှင့်ရောင်းမိသည့်အတွက် တိုင်းပြည် မည်သို့မည်ပုံ မတိုးတက် ဖြစ်ရသည်ကို စဉ်းစားကာ အခြားတနေရာသို့ ထွက်သွားလေတော့သည်။ ၂ နာရီကျော် ကျော်ခန့် ကြလေသော် ထိုပွဲလမ်းသဘင်ကြီးသည် လူစုကွဲသွားကြလေတော့သည် ထိုသူတို့ လူစု ကွဲသွားသော်လဲ ထိုဒီမိုကရေစီလိုလားသူတို့ ဖွခဲ့သော အမှိုက်သရိုက်များမှာမူ မကွဲသွားပဲ လေတိုက်ရာလွင့်ပါးနေကြသဖြင့် ထိုမြို့နယ်ကိုတာဝန်ယူရသော စည်ပင်သာယာဝန်ထမ်းတို့က ဘာမဆိုင်ညာမဆိုင် EXTRA  DUTY ဆင်းရလေတော့သည် ။

ထိုအပြင်တွင်ကျင်းပသော ပွဲပြီးသည်နှင့်ရုံးအတွင်းတွင် သတင်းဌာန များမှ သတင်းထောက်ဆိုသူများအား တွေ့ဆုံကာ ခုနပြောပြီးသား စကားများကိုပင် မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဆက်၍ ပြောပြန်လေသည် ။ ထိုသို့ပြောကြားသည့် အထဲတွင် အခြားသော အကြောင်းအရာများကို ကျွန်ုပ် အနေဖြင့်စိတ်ဝင်စားခြင်းမရှိသော်လည်း တနေရာတွင်မူ သူမအနေဖြင့် နေအိမ် အကျယ်ချုပ်ကျနေစဉ်အတွင်း ပန်းချီဆွဲသည်ဟု ပါရှိလာလေသည် ။ ထိုအခါ ကျွန်ုပ်အနေဖြင့် ဒေါ်စုကြည် ဆွဲပါသည် ဆိုသောပန်းချီကားများကို အလွန်ပင် စိတ်ဝင်စားလေတော့ သည်။အဘယ့်ကြောင့်ဆိုသော်  အကျဉ်း ကျခံနေရသူများ၏ စိတ်ခံစားမှုကို အကျဉ်းကျခံဘူးသူများသာသိနိုင်လေသည် ထိုသူတို့သည် စိတ်ခံစားမှု ပြင်းပြင်းထန်ထန် ဖြစ်တတ်လေ၏ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရန် အခြေအနေပေးလေ၏ ။ အခြားပတ်ဝန်းကျင်နှင့်အဆက်ပြတ်နေသဖြင့် အချိန်ပိုများစွာရရှိကာ နက်ရှိုင်းသော၊ အတွေးအခေါ်ပါသော အနုပညာများသည် ထိုအချိန်တွင်ပေါ်ပေါက်လာတတ်ကြောင်း ဖတ်ဘူးမှတ်ဘူးလေသောကြောင့် ဖြစ်လေ သည်။ မည်သို့သောပန်းချီများပေါ်ပေါက်လာလေမလဲဟု မျှော်လင့်လာမိလေတော့ သည်။

ထိုသို့မျှော်လင့်မိသည့်အလျောက် ဒေါ်စုကြည်နှင့်ပတ်သက် သော သတင်းအမြောက်အများထဲမှ ပန်းချီနှင့် ဆိုင်သော သတင်း ကို ဂရုတစိုက် နားစွင့်နေမိလေတော့သည် ။ထိုသို့နားစွင့်နေ ချိန်တွင်ပင် ကျွန်ုပ် အထက်က ဆိုခဲ့သော မောင်ကျော်သူလေးသည် ဒေါ်စုကြည်ထံသို့ သွားရောက်တွေ့ဆုံမည် ဖြစ်ကြောင်း ထိုသို့ တွေ့ဆုံရာတွင်လည်း သူဆွဲထားသည့်ပန်းချီကားကြီး တစ်ချပ်လည်း လက်ဆောင်ပေးမည် ဖြစ်ကြောင်း သတင်းတစ်ခု ရရှိလာလေတော့သည်။

ထိုသတင်းရရှိလေသောအခါ ကျွန်ုပ်အနေဖြင့် လွန်စွာဝမ်းမြောက်မိလေသည် ပန်းချီအရာတွင် ကျွနိုပ် အထင်သေးခဲ့သော မောင်ကျော်သူလေးသည် လွန်စွာပေါ်ပြူလာဖြစ်လှသော အမျိုးသမီးကြီးအား မည်သို့သောပန်းချီကားကိုပေးမည်နည်း ၊ သူသည်တရုတ် ရုပ်ရှင်များတွင် သိုင်းကျမ်းကို ကြိတ်၍ လေ့ကျင့် သကဲ့သို့ လေ့ကျင့်ထားလေပြီလော.....နာရေးကူညီမှုအသင်းကို ဦးစီးဦးဆောင်လုပ်နေသူ  ဖြစ်လေသောကြောင့် တရားများရကာ တရားသဘောတွေများ ပန်းချီကားတွင် ပါဝင်နေမလား..ဒေါ်စုကြည်ကလည်း ၇ နှစ်လုံးလုံး နေအိမ်အကျယ်ချုပ်တွင် ခံစားရေးဆွဲထားသော မည်သို့သောပန်းချီကားကို ထုတ်လာပြီး ပြမည်လည်း ..ပန်းချီနှင့်ပတ်သက်၍ မည်သို့သော အကြောင်းအရာများကိုပြောဆိုဆွေးနွေး ကြပါမည်လည်း ...စသော..စသောမေးခွန်းပေါင်းများစွာကို ကိုယ့်ကို ကိုယ် ပြန်မေးကာ တစ်ယောက်တည်း ကြိတ်၍ အဖြေထုတ် ရင် ထိုနေ့ကို စောင့်စားနေမိလေတော့သည်။

ဦးဂွမ်တီ

အပိုင်း (၃)နောက်ဆုံးအပိုင်း အားဆက်လက်ဖေါ်ပြပါမည်