xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ပုဂံမြို့ အလှပုံ များနှင့် ခရီးသွား လမ်းညွှန်များ ပါဝင်သော iPhone Application တစ်ခု ရောင်းချ

Monday, March 28, 2011

ပုဂံမြို့ အလှပုံ များနှင့် ခရီးသွား လမ်းညွှန်များ ပါဝင်သော iPhone Application တစ်ခု ရောင်းချ

 
မြန်မာ လူမျိုး တို့၏ ရှေးဟောင်း အမွေ အနှစ် လက်ရာ စေတီ ပုထိုး ပေါင်း များစွာ တည် ရှိ သည့် ပုဂံမြို့၏ အလှ ဓာတ်ပုံ များနှင့် ခရီးသွား လမ်းညွှန် အချက် အလက်များ ပြည့်စုံစွာ ပါဝင် သည့် iPhone နှင့် iPod Touch Applicationတစ်ခုကိုဗြိတိန်အခြေစိုက်ParklaneEditionsကုမ္ပဏီကအင်တာနက်မှတစ်ဆင့် ရောင်းချ နေပြီ ဖြစ်ရာ
နိုင်ငံခြားသား ခရီးသွား များနှင့် မြန်မာ နိုင်ငံ၏ ခရီးသွား လုပ်ငန်း အတွက် ပိုမို အထောက် အကူ ဖြစ်လာ ကြောင်း ခရီးသွား အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦး က ပြောကြား သည်။
အဆိုပါ Application ကို Asia treasures-Bagan 1.0 ဟု အမည် ပေးထားပြီး ပုဂံမြို့၏ ရှုခင်းအလှ ဓာတ်ပုံ များကို  HD အရည်အ သွေးဖြင့် ထောင်ပေါင်း များစွာ ထည့်သင်း ပေး ထား ကြောင်း နှင့် ပုံညွှန်းစာ များ ကိုလည်း အင်္ဂလိပ်၊ ပြင်သစ် နှစ် ဘာသာ ဖြင့် ဖတ်ရှု နိုင်သည့် အပြင် မြန်မာ နိုင်ငံနှင့် ပုဂံမြို့၏ မြေပုံ များ၊ ခရီးသွား လမ်း ညွှန်များ၊ ဟိုတယ် လမ်းညွှန် များ စသည် တို့ ပြည့်စုံ စွာ ပါရှိသည်။

ထို application ၏ အကြောင်းအရာ များ တွင် ပုဂံ၏ ဘုရား ပုထိုးများ၊ ပုဂံ ရွာသစ် ဧရာဝတီ မြစ်၊ ပုဂံသူ ပုဂံသားများ၊ ပုဂံရှိ ဟိုတယ်များ၊ ပုဂံမြေ ပုံဟောင်း များ ပါရှိပြီး ဈေးနှုန်း အားဖြင့် သုည ဒသမ ၉၉ ဒေါ်လာ သာ ကျသင့် သည်။ ထို့အပြင် ပါရှိသည့် အကြောင်းအရာ တစ်ခု ချင်းနှင့် ဓာတ်ပုံ တစ်ခုချင်း အလိုက် ပိုမို ကျယ်ပြန့်စွာ သိရှိ လိုသူ များ အတွက် အွန်လိုင်း စွယ်စုံကျမ်း ၀ီကီးပီးဒီး ယား တွင် ချက်ချင်း အလွယ်တကူ ကြည့်ရှုနိုင် ရန် တိုက်ရိုက် ချိတ်ဆက ပေးထားသည်။ ထိုကဲ့ သို့ ပုဂံမြို့၏ အလှအပ များအား စုံလင်စွာ iPhone ပေါ်တွင် ကြည့်ရှုနိုင်မည့် Asia Treasures Bagan 1.0 ကို ၀ယ်ယူ အသုံးပြုလို သူများ သည် http://www.downloadcheapapp.com/asia-treasures-bagan-iphone-app-48719.htmlတွင် ရရှိ နိုင်ကြောင်း သိရသည်။
အောင်ကျော်ခန့်(မြန်မာပို့စ်)