လစ်ဗျား နိုင်ငံကို နိုင်ငံတကာတပ်တွေ နေ့ညဆိုသလို တိုမဟော့ခ် ကဲ့သို့သောဒုံးလက်နက်များ ဝေဟင် မှ မြေပြင် ပစ် ဒုံးလက်နက်များ ရာပေါင်းများစွာကို အမေရိကန် ဗြိတိန် ပြင်သစ် ဦးဆောင်သော တပ်များက လစ်ဗျားနိုင်ငံရဲ့ မြို့တော် ထရီပိုလီနဲ့ ဒုတိယမြို့တော် ဘန်ဂါဇီ အပါအ၀င် ပစ်မှတ် အမြောက်အများ ကို ပစ်ခတ်နေတာ ဒီနေ့ဆို ၄ ရက်မြောက်နေ့ ရှိလာပါပြီ ။
ဒီနိုင်ငံစုံတပ်တွေ ခုလိုတိုက်ခိုက်နေရတာဟာ ဘာလို့လဲဆိုတဲ့အကြောင်းပြချက်ကို ပြန်ကြည့်ရင် လစ်ဗျားခေါင်းဆောင် ကဒါဖီက သူ့နိုင်ငံတွင်းမှာရှိတဲ့ သူ့ကိုတော်လှန်နေသူတွေကို လေယာဉ်တွေနဲ့ ဗုံးကြဲ နှိမ်နင်း နေလို့ ပြည်သူတွေကိုကာကွယ်တဲ့ အနေနဲ့ တိုက်ခိုက်ရတာပါလို့ ပြောပါတယ် ။
ကဒါဖီ ကတစ်နေ့ကိုလေယာဉ်လေး ၃ ၊ ၄ စင်းနဲ့ အကြိမ်ရေအနည်းငယ်သာ တိုက်ခိုက် ပစ်ခတ်နေတာဖြစ်ပါတယ် ။ ဒီလိုတိုက်ခိုက်ရတာကလဲ သူ့နိုင်ငံက သူပုန်ဆိုသူတွေဟာ လေယာဉ်ပစ်လက်နက် တွေအပါအ၀င် ပခုံးထမ်း ဒုံးလက်နက်တွေ အမြောက်အများ နဲ့ တော်လှန်နေတာဖြစ်ပါတယ် ။ မျက်ရည်ယိုဗုံးတို့ ရော်ဘာကျည်တို့ နဲ့ ဟန့်တားလို့ ရနိုင်တဲ့ တော်လှန်သူ အမျိုးအစား မဟုတ်ပါဘူး။
ကဒါဖီ တပ်တွေကသုံးနေတဲ့လေယာဉ်တွေ ကလည်း ပြင်သစ်ကရောင်းထားတဲ့ မီရာ့ခ်ျ အမျိုးအစား တိုက်လေယာဉ်တွေပါဘဲ ၊ ဆိုလိုတာက ခုနိုင်ငံစုံတပ်တွေက သုံးနေတယ်ဆိုတဲ့လေယာဉ်တွေနဲ့ စွမ်းရည်ချင်း သူမသာ ကိုယ်မသာလောက် ဖြစ်ပါတယ်။ပစ်မှတ်ကို တိတိကျကျ ပစ်ခတ်နိုင်ပါတယ် ။
ကဲ ဒါဆိုရင် မေးစရာမေးခွန်းလေးတွေ ဒီနေရာမှာရှိလာပါပြီ.....
- ကဒါဖီ လေယာဉ်နဲ့ ဗုံးကြဲလို့ ပြည်သူတွေ သေတယ်ဆိုရင် နိုင်ငံစုံတပ်တွေကဒါဖီထက် အဆ တစ် ရာကျော် ကြဲ နေတဲ့ အခါကြတော့ လူတွေမသေတော့ဘူးတဲ့လား...........
- ကဒါဖီရဲ့ တပ်တွေကိုပဲ ရွေးပစ်တာပါ ဆိုရင်လဲ ..ကဒါဖီတပ်က တပ်သားတွေကရော..လူတွေမဟုတ်ဘူး လား..
- လောကကြီးက ကဒါဖီကိုတော်လှန်သူတွေသေရင် မတရားဘူး ၊ ကဒါဖီကို လိုလားသူတွေသေရင် တရားတယ်....ဒီလိုလား...
- ခုနိုင်ငံစုံတပ်တွေကို ကဒါဖီရဲ့ တပ်တွေကို နှိမ်နင်းဘို့ တာဝန်ပေးလိုက်တာလား.လစ်ဗျားမှာရှိတဲ့ လူတွေ သေကြေမှု မရှိအောင်ဟန့်တားဘို့ တာဝန်ပေးလိုက်တာလား...
- အာဖဂန်မှာ ဒီအမေရိကန်တွေဘဲ တာလီဘန်တွေကို နှိမ်နင်းတယ်ဆိုပြီး ဗုံးတွေ ခုလိုဘဲကြဲချ ရော့ကက်တွေ ဒုံးပျံတွေနဲ့ ပစ် တာ အရပ်သားတွေ တစ်ယောက်မှ မသေပါဘူးလို့ ပြောပြီး နှစ်နဲ့ချီကြာမှ ၀ီကီလိက အရပ်သား သောင်းနဲ့ချီပြီး သေခဲ့တဲ့ အထောက်အထား ဗီဒီယိုမှတ်တမ်းတွေကို ဖွင့်ချခဲ့လို့ အရှက်တကွဲဖြစ်ခဲ့ ရတာတွေရော မေ့နေကြပြီလား...
- ဒီလောက်လူတွေအများကြီးနေတဲ့ မြို့ တွေကို ရာပေါင်းများစွာသော ဒုံးလက်နက်တွေနဲ့ ပစ်တာ အရပ်သား တွေ တစ်ယောက်မှမသေ ပါဘူးဆိုတာကိုရော ..ယုံကြည်ရမှာလား ( ပစ်တဲ့လက်နက်က ကဒါဖီနေတဲ့ ၄ထပ် အဆောက်အဦကို တစ်ချက်ထဲမှန်တာ အဲဒီ ၄ထပ်အဆောက်အဦ ပြိုကျ တဲ့အထိ ပြင်းထန်ပါတယ် )
- ဗုံးနည်းနည်း ကြဲလို့ လူတွေသေတာကို ဗုံးများများကြဲချလိုက်ရင် တစ်ယောက်မှ မသေတော့ဘူးဆိုတာကရော ၂၀၁၁ မှာအသစ်ထွက်တဲ့ သီအိုရီအသစ်လား...
-ကုလသမဂ္ဂ ရဲ့ လေယာဉ်မပျံသန်းရေဇုံ ဆိုတာကရော ဘာ အဓိပါယ်လဲ ကဒါဖီဆီဗုံးကြဲဘို့တခြားနိုင်ငံတွေကနေ လစ်ဗျားနိုင်ငံထဲကို လာတဲ့လေယာဉ်တွေဆိုရင်ပျံချင်သလိုပျံကြ လစ်ဗျားက ကိုယ့်လေပိုင်နက်မှာကိုယ် လေယာဉ်ပျံ ရင် အရေးယူမယ် မပျံရဘူး...ဒီလိုလား
စတဲ့ လားပေါင်းများစွာသော အမေးများကို မေးစရာတွေဖြစ်နေတဲ့အချိန်မှာ အမေရိကန်သမ္မ တ က ဘာပြောနေလဲ တချက်လောက်ကြည့်ရအောင်ပါ... ..